Written by ဉာဏ်မျိုးအောင်
ဆယ်စုနှစ်ချီကာ အာဏာပိုင်စနစ်ဖြင့် အုပ်ချုပ်ခံခဲ့ရသော
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှ ယခင်တပ်မတော် အစိုးရလက်ထက်အထိ
ဒီမိုကရေစီစနစ်အောက်တွင် နိုင်ငံရေး၌ ကိုယ်တိုင်လှုပ်ရှား ပါဝင်ခဲ့ဖူးသော
မြန်မာလူမျိုးတစ်ယောက်ကို လက်ညှိုးထိုး ပြပါဆိုလျှင် ရှားရှားပါးပါး
လက်ညှိုးထိုးပြရ မည့်သူမှာ ပါလီမန် ဒီမိုကရေစီခေတ်တွင် ဒုတိယဝန်ကြီးချုပ်
ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန် တာဝန် ထမ်းဆောင်ခဲ့ဖူးသော လက်ရှိဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေသာ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ပြီးခါစ မြန်မာနို င်ငံတွင် ပါလီမန် ဒီမိုကရေစီစနစ်အောက်၌ ဒီမိုကရေစီပျိုးပင်နုကို ဆယ်နှစ်ခန့် ယုယစိုက် ပျိုး နိုင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ေ နဝင်း ဦးဆောင်သော တပ်မတော် အစိုးရက အာဏာသိမ်းလိုက်ရာ ဒီမိုကရေစီပျိုးပင် ညှိုး ၍ ပြည်သူများမှာ အာဏာရှင်တောရိုင်း၌ ဆယ်စုနှစ် ငါးခုခန့် ရှင်သန်ခဲ့ကြရသည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ်ကို လိုလားထောက်ခံ ပါသည်ဆိုသော ပြည်သူအများစုကို ဒီမိုကရေစီစနစ် အကြောင်းကို ပြောပြပါဆိုလျှင် စာအုပ်ကြီးများထဲမှ ကောက်နုတ်ချက် စာသားများကိုသာ တတွတ်တွတ် ရွတ်ပြကောင်း ရွတ်ပြနိုင်သော်လည်း ပါလီမန် ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ ပညာရေးနှင့် ဒီမိုကရ က်တစ်အုပ်ချုပ်ရေးကို ကြုံတွေ့ခဲ့ရသော ဦးသုဝေလောက် လက်တွေ့ကျကျ ပြောပြနိုင်မည်ဟု မထင်ချေ။
ဆယ့်လေးနှစ်သား စစ်ပြီးကာစ ၁၉၄၆ ခုနှစ်တွင် တောင်ငူမြို့၌ ဖွင့်လှစ်ထားသော ကျောင်းသား သပိတ်စခန်းများသို့ လာရောက်ပြီး အတူသပိတ် လာမှောက်ရန် ကျောင်းသား ခေါင်းဆောင်ကြီးများက လာရောက် ဟောပြောသည်။ စာဖတ် ဝါသနာပါသော ကိုသုဝေမှာ အသက် ၁၄ နှစ်မျှသာ ရှိသေးေ သ်ာလည်း နိုင်ငံရေးစိတ် ကိန်းအောင်းနေနှင့်ပြီး ဖြစ်ရာ သပိတ်စခန်းတွင် ဝင်နွှဲလေသည်။ သို့ဖြင့် ကိုသုဝေ၏ နိုင်ငံရေး သမိုင်းစာမျက်နှာကို စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
အရွယ်ပင် ငယ်သေးသော်လည်း ကိုသုဝေသည် ၁၉၄၇ ခုနှစ်တွင် သူ့ထက်ကြီးသော ကျောင်းသား ကြီးများကို ဦးဆောင်ကာ ကျောင်းသား သမဂ္ဂကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းနှစ်မှာပင် သူပုန်များ၊ သပိတ်များ၊ တပ်များစသော အစိုးရ ဆန့်ကျင်ရေး နိုင်ငံရေး အင်အားစု အသီးသီး လှုပ်ရှားလျက်ရှိရာ ‘တပ်ဦး’ ဆိုသော စကားလုံးကို ရှောင်ပြီး ကျောင်းသား ရဲခေါင်ဆိုသော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြန်သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် အထိမ်းအမှတ် ပွဲကိုလည်း ကျောင်းသားသမဂ္ဂနှင့် ကျောင်း သား ရဲခေါင်တို့ကို ကိုသုဝေက ဦးဆောင် တက်ရောက်ခဲ့သည်။
လွတ်လပ်ရေးရပြီး မကြာမီမှာပင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်သော ကေအင်န်ယူ က တောင်ငူမြို့ကို ၁၉၄၉ ခုနှစ်တွင် သိမ်းပိုက်လိုက်လေရာ အစိုးတပ်များ ဆုတ်ခွာ သွားရပြီး အစိုးရ အုပ်ချုပ်ရေး ယန္တရားလည်း ရပ်တန့်သွားခဲ့သည်။ သို့နှင့် စာသင်ကြားခြင်းကို ၂ နှစ်ခန့် ရပ်နားထားခဲ့ရပြီး ၁၉၅၃ခုနှစ်သို့ ရောက်မှသာ တက္ကသိုလ်ဝင်တန်း အောင်မြင်သဖြင့် ထိုစဉ်က အာရှ၏ နာမည်ကျော် တက္ကသိုလ်ကြီးဖြစ်သော ရန်ကုန် တက္ကသိုလ်သို့ ရောက်ရှိသွားသည်။
ရန်ကုန် တက္ကသိုလ်တွင်လည်း ဒီမိုကရက်တစ် ကျောင်းသားအဖွဲ့နှင့် တောင်ငူခရိုင် အသင်းတို့တွင် တွဲဖက် အတွင်းရေးမှူးနှင့် အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတိုင် ဖွဲ့စည်း ထားခဲ့သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင်လည်း တွဲဖက် အတွင်းရေးမှူးအဖြစ် ပါဝင် လှုပ်ရှားခဲ့သည်။
ယင်းသမဂ္ဂတွင် တစ်နိုင်ငံလုံးရှိ ကျောင်းသား အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော်လည်း ၁၉၅၇ ခန့်တွင် တက္ကသိုလ်များမှအပ အထက်တန်း ကျောင်းများတွင် သမဂ္ဂများ မဖွဲ့စည်းရဟု အစိုးရ မူဝါဒကို ပြောင်းလဲ လိုက်ရာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ အင်အားယုတ်လျော့ မသွားစေရန် ဆိုရှယ်လစ် ဝါဒလေ့လာရေး လူငယ်အဖွဲ့ဟု အမည်ပြောင်း ဖွဲ့စည်းလိုက်သည်။ ယင်းကဲ့သို့ ပြောင်းလဲ လိုက်ခြ င်းကြောင့် ကျောင်းသားများ သာမက အလုပ်သမား၊ လယ်သမား လူငယ်များလည်း အဖွဲ့တွင် ပါဝင်လာပြီး အဖွဲ့အင်အား ကြီးမားလာကြောင်း ဦးသုဝေက ပြန်ပြောပြသည်။
“ကိုယ်ရေးအတွင်းဝန် လုပ်ရင်းနဲ့ နိုင်ငံရေးထဲမှာ ဝင်ပါကြတာပေါ့” ဟု ဦးသုဝေက ဆိုသည်။
ဖ.ဆ.ပ.လ လူငယ်အဖွဲ့ဝင်လည်းဖြစ်သော ကိုသုဝေသည် နိုင်ငံရေး နယ်ပယ်၌ နိုင်ငံရေးသမားများနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကာ ဖဆပလ အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန် အဖြစ်လည်း တာဝန်ထမ်းခဲ့သည်။ ဦးကျော်ငြိမ်းမှာ ထိုခေတ်ကာလ လူချွန်လူကောင်းများ ဖြစ်ေ သာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့နှင့် ကျောင်းနေဘက် ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် စက်မှုလက်မှုနှင့် သမဝါယမ လုပ်ငန်းများ ထွန်းကားစေလိုသော စိတ် စေတနာ ရှိသည်ဟု ဦးသုဝေက ပြောပြသည်။
“သူက ဝန်ကြီးချုပ် မလုပ်ချင်ဘူး။ ဝန်ကြီးချုပ်လုပ်ရင် ဌာနဆိုင်ရာတွေကို ပိုင်ပိုင်နိုင်နိုင် လုပ်ပေးနိုင်စွမ်း မရှိဘူး” ဟု ဦးကျော်ငြိမ်း၏ စိတ်နေ သဘောထားကို ကိုယ်ရေး အတွင်းဝန်ဟောင်း ဦးသုဝေက တစ်ဆင့် ဆိုသည်။
သို့ကြောင့် သမဝါယမ၊ စက်မှုနှင့် စီးပွားရေးစသော ဝန်ကြီးဌာန အသီးသီးတွင် ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သော ဦးကျော်ငြိမ်းသည် စီးပွားရေး စီမံကိန်းများကို ကိုယ်တိုင် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ၌ ပညာရေးနှင့် စီးပွားရေးတို့တွင် ထိပ်သီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ထိုကဲ့သို့သော လူတော်တစ်ဦး ဖြစ်သော ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်အဖြစ် လုပ်ကိုင်ခဲ့ရသော ကိုသုဝေမှာ ဦးကျော်ငြိမ်းထံမှ ပညာများစွာ ရရှိခဲ့သည်ဟု ဦးသုဝေက ငယ်ကြော င်း ပြန်သည်။
သို့သော် ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့သော နိုင်ငံရေး အင်အားစုများ စုစည်းရာလည်း ဖြစ်၊ အစိုးရ အဖွဲ့ဖွဲ့ကာ ပါလီမန်ကို လွှမ်းမိုးထားသော ပါတီကြီးလည်း ဖြစ်သော ဖ.ဆ.ပ.လ ပါတီသည် ပါတီတွင်း အားပြိုင်မှုများကြောင့် ကွဲအက်လာသည်။ ဦးနုတို့ ခေါင်းဆောင်သော သန့်ရှင်း ဖဆပလနှင့် ဦးကျော်ငြိမ်းတို့ ဦးဆောင်သော တည်မြဲဖဆပလ ဟူ၍ နှစ်ခြမ်းကွဲလေသည်။ ထိုစဉ်က ရွေးကောက်ပွဲ ကျင်းပရာ သန့်ရှင်း ဖဆပလက အနိုင်ရရှိ သွားပြီးနောက် သုံးလနှင့် ၁၇ ရက် အတွင်းမှာပင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တပ်မတော်အစိုးရက အိမ်စောင့်အစိုးရအဖြစ် အာဏာ လွှဲပြောင်း ယူလိုက်သည်။
ကံကောင်း ထောက်မစွာပင် ၁၉၆၀ ပြည့်နှစ်တွင် အိမ်စောင့်အစိုးရက ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် တက်လှမ်းလာသည်။ ဦးနု၏ သန့်ရှင်း ဖဆပလကပင် အနိုင်ရရှိကာ ယခင်က အာဃာတများကို ချေဖျက်ပြီး တည်မြဲ၊ သန့်ရှင်းနှင့် ပမညတ ပါတီတည်းဟူသော ပါတီကြီး သုံးပါတီ ညီညွတ်ရေးကို ကြိုးစား ဖော်ဆောင်လျက် ရှိသည်။ ထိုစဉ်က ကိုသုဝေမှာ ကမ္ဘာ့ဆိုရှယ်လစ် လူငယ်အဖွဲ့ (International Union of Socialist Youth) က ဖိတ်ကြားသဖြင့် ဥရောပတစ်ခွင်တွင် ခရီးလှည့်လည်ကာ တရားဟောလျက် ရှိသည်။
သို့သော် ပါတီ ညီညွတ်ရေးအတွက် ညှိနှိုင်းမည် ဆိုသောအခါ ကိုသုဝေကို တည်မြဲကိုယ်စားလှယ်အဖြစ် တက်ရောက် ညှိနှိုင်းစေလိုသော ဦးကျော်ငြိမ်းက ကိုသုဝေကို ပြန်လာရန်ခေါ်သည်။ ကမ္ဘာ့ဆိုရှယ်လစ် လူငယ်အဖွဲ့က နောက်ထပ်တစ်နှစ်ခန့် နေစေလိုသော်လည်း ဆရာသမား ဦးကျော်ငြိမ်းက ပြန်ခေါ်သဖြင့် ကိုသုဝေ ပြန်လာခဲ့ရသည်။ ကြိုတင်ခန့်မှန်း မရသော နိုင်ငံရေးသည် ကိုသုဝေ ရောက်လာမှပင် ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။
“ရောက်ပြီး တစ်လနေတော့ အာဏာသိမ်းတာပဲ” ဦးသုဝေက ရယ်မောရင်းပြောသည်။
မြေအောက်ခရီး
ပူပူလောလော အာဏာသိမ်းထားသော ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေး အစိုးရသည် အစိုးရ အဖွဲ့ဝင်များနှင့် ရှမ်းစော်ဘွားများကို ချက်ချင်း ကောက်ဖမ်း ထားသော်လည်း ဖဆပလ ပါတီဝင် များကိုမူ ၁၉၆၃ ခုနှစ်ထိ မဖမ်းဆီးသေးပေ။ ဖဆပလမှ နိုင်ငံရေးသမားများနှင့် ကျောင်းသားများကို အထူးအရာရှိ အဖြစ် ခန့်ထားပေးမည်ဆိုသော မက်လုံးဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့ လိုလားသော ဖဆပလဝန်ကြီးဟော င်း ဦးထွန်းဝင်းက လိုက်ဆွယ်သည်။
“တော်လှန်ရေးကောင်စီ မဆလက လုပ်တာကလည်း ဆိုရှယ်လစ် ဒီမိုကရေစီ လုပ်တာပဲ။ ဖဆပလတုန်း ကလည်း ဒီမိုကရေစီ ဆိုရှယ်လစ်ပဲ။ ဆိုရှယ်လစ် အချင်းချင်းပဲ ရှေ့နဲ့နောက်ကလေးပဲ ကွာတာပဲကွာ၊ တို့တွေ ပြန်ညှိလို့ ရပါတယ်” ဟု ဦးထွန်းဝင်းက ဆွယ်တရားဟောသည်ကို ကိုသုဝေက လက်မခံခဲ့ပေ။ သို့နှင့် အထူးအရာရှိရာထူးကို စွန့်လွှတ်ခဲ့လေသည်။
အာဏာ သိမ်းထားသော်လည်း ဖဆပလ ခေါင်းဆောင်ဟောင်းများနှင့် ဘာသာရေး အဖွဲ့အစည်းများ ပူးပေါင်းကာ မြေအောက် လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့ လှုပ်ရှားမှု ပိုမိုကျယ်ပြန့် အားကောင်းလာစေရန် နိုင်ငံတကာနှင့် အဆက်အသွယ် ရှာရမည်ဟု ဆုံးဖြတ်ကာ ပြည်ပနိုင်ငံ များကို ခရီးလှည့်ဖူးသော ကိုသုဝေနှင့် အခြားလူငယ်တစ်ဦးကို မြိတ်မြို့မှတစ်ဆင့် ငါးဖမ်းစက်လှေများဖြင့် ထိုင်းနိုင်ငံဘက်သို့ တိတ်တိတ် ကူးစေခဲ့သည်။ တိတ်တိတ်သွား တိတ်တိတ် ပြန်လာမည်ဟု ပိုင်းဖြတ် ထားသော်လည်း ထိုင်းအာဏာပိုင်များနှင့် သိကျွမ်းသော မြိတ်ငါးကုန်သည်များက ဖဆပလ လူငယ်များ လာမည်ဟု ထိုင်းအာဏာပိုင်များကို ကြိုပြောထားသည်။
တော်လှန်ရေး အစိုးရကို အန်တုနိုင်ရန်အတွက် ထိုင်းနိုင်ငံကို အကူအညီ လာတောင်းသည်ဟု မှတ်ထ င်နေသာ ထိုင်းအာဏာပိုင်တို့က ကိုသုဝေတို့ကို ထမင်းပွဲနှင့် ကြိုဆိုကြသည်။ ယင်းသတင်းကိုပင် ထိုင်းသတင်းစာများက အနံ့ခံမိသွားပြီး ထိုမှတစ်ဆင့် မြန်မာသတင်းစာများတွင်ပါ ယင်းသတင်း ပါလာလေတော့သည်။ ဤသို့ဖြင့် တိတ်တိတ်သွား တိတ်တိတ် ပြန်နိုင်ခြင်း မရှိတော့ဘဲ ထိုင်းတွင် သောင် တင် လေတော့သည်။ ယင်းသို့ သောင်တင်နေစဉ် ယူပီအိုင်၊ ဘန်ကောက်ဝေါနှင့် မောနင်းအိပ်စ်ပရက် ကဲ့သို့သော သတင်းဌာနများတွင် အယ်ဒီတာ အဖွဲ့ဝင် ကဲ့သို့သော တာဝန်ထမ်းဆောင် လိုက်သေးသည်။
တော်လှန်ရေး
ထိုင်းနိုင်ငံတွင် ရောက်ရှိနေစဉ် ထိုစဉ်က SSA ရှမ်းအဖွဲ့ ဥက္ကဋ္ဌ မဟာဒေဝီက ကိုသုဝေကို လာတွေ့ သည်။ အခြားသော ကရင်၊ ကယန်း ခေါင်းဆောင်များနှင့်လည်း အသိအကျွမ်း ဖြစ်ကြသည်။ ထိုစဉ် ဗိုလ်ချုပ်ရန်နို င်နှင့် ဗိုလ်ချုပ် စောကြာဒိုးတို့အဖွဲ့ ရောက်လာပြန်သည်။ နောက်နေရှင်း အယ်ဒီတာချုပ် ဦးလောရုံ ရောက် လာသည်။ ဦးလောရုံနှင့်အတူ သတင်းထူးတစ်ခုလည်း ပါလာသည်။
ဦးလောရုံ၊ ဦးနုနှင့် ဗိုလ်လက်ျာတို့သည် နိုင်ငံခြားသို့ အသီးသီး ထွက်ခွာနိုင်အောင် ဆောင်ရွက်မည် ဖြစ် ပြီး နိုင်ငံခြားတွင် အားလုံးပြန်ဆုံကာ တော်လှန်ရေး လုပ်မည်ဟု မြန်မာနိုင်ငံတွင်း၌ ဆွေးနွေးသဘော တူထားကြကြောင်း ဦးနုစာကို ထုတ်ပြရင်း ဦးလောရုံက ကိုသုဝေတို့ကို တစ်ဆင့်ပြောပြသည်။ ၁၉၆၉ ခုနှစ်တွင် ဦးနုသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ထွက်လာခဲ့ပြီး အိန္ဒိယနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ ဘက်သို့ ကူးလာခဲ့သည်။ လူအားလုံး စုံသောအခါ ပါလီမန် ဒီမိုကရေစီ ပါတီကို ဖွဲ့စည်းသည်။ တစ်ပြိုင်န က်တည်းမှာပင် ပြည်ချစ် လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဖွဲ့စည်းထားသည်။
ယင်းတော်လှန်ရေးတွင် ကိုသုဝေကို အသံလွှင့်ပိုင်း ဆိုင်ရာ၌ တာဝန်ယူစေသည်။ အသံလွှင့်လုပ်ငန်း မစတင်မီ ဝိုင်ယာ လက်ကိုင်မည့်သူ လေးဦးကို ငွေပေးငှားရမ်းထားသော မစ္စတာဖားမားဆိုသော အသံလွှင့် တတ်ကျွမ်းသူက သွန်သင်ပေးသည်။ ကိုသုဝေတို့က အသံလွှင့်စာတမ်း ရေးသောအဖွဲ့ ဖွဲ့စည်းထားပြီး စာတမ်း ရေးသူရေး၊ အသံလွှင့်သူလွှင့်ဖြင့် တာဝန်ခွဲလုပ်ကြသည်။
“ပထမဆုံး လွှင့်တော့ အသံကောင်းတယ်။ ကြည်တယ်” ဟု ဦးသုဝေက ဆိုသည်။
သို့သော်လည်း အစိုးရ ဆန့်ကျင်ရေးများ ထုတ်လွှင့်နေသော ကိုသုဝေတို့၏ အသံလွှင့်ချက်ကို နောက်ပိုင်း တွင် အစိုးရက ဖြတ်သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ဖြတ်ပါက တဂျီဂျီ မြည်သံဖြင့် လိုင်းမကောင်းသော် လည်း အသံလိုင်း၏ သဘောမှာ အနိမ့်အမြင့် တစ်လှည့်စီသွားခြင်း ဖြစ်လေရာ ကြားသည့်နေရာ၌ ကြား ရကြောင်း ဦးသုဝေက ရှင်းပြသည်။
တော်လှန်ရေး လုပ်ဆောင်နေသော ဦးနု ဦးဆောင်သည့် ကိုသုဝေတို့ အဖွဲ့သားများမှာ လက်ရှိ အစိုးရကို လက်နက်ကိုင် ဖြုတ်ချလိုသော ရည်ရွယ်ချက်ကြောင့် မဟုတ်ပေ။ တော်လှန်ရေး လုပ်ဆောင်နေသည်ဟု အသံထွက်သွားပါက ပြည်တွင်းရှိ လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်နေဝင်းအား ညှိနှို င်း ဆွေးနွေးလိုသော အခြေအနေ တစ်ခုရောက်အောင် ဖန်တီးခြင်းဖြင့် ဗိုလ်ချုပ်နေဝင်းကို စားပွဲဝိုင်းသို့ ဆွဲခေါ်လိုခြင်း ဖြစ်ကြောင်း ဦးနုက ရှင်းပြတတ်သည်ဟု ဦးသုဝေက ပြန်ပြောပြသည်။
သို့နှင့် တော်လှန်ရေး အင်အားစုများ အားကောင်း လာစေရန် ကျန်တိုင်းရင်းသား လက်နက်ကိုင် များနှင့် တပ်ပေါင်းစု ဖွဲ့စည်းနိုင်ရန် ဆွေးနွေးကြသည်။ ကေအင်န်ယူ၊ မွန်ပြည်သစ်ပါတီ ကဲ့သို့သော လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည်။ ထိုစဉ်က ကေအင်န်ယူနှင့် မွန်ပြည်သစ် ပါတီတို့မှာ အင်အား သိပ်မကောင်းေ သးကြောင်း၊ ၎င်းတို့ တပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းနှင့် ငွေကြေး အချို့ကို ဦးနုတို့က ခွဲပေးကြောင်း ဦးသုဝေက ဆိုသည်။
နောက်ပိုင်းတွင် ဦးနေဝင်း အစိုးရ၏ စီးပွားရေး မူဝါဒ အမှားများကြောင့် မှောင်ခိုကုန်သွယ်မှုများ ခေတ် စားလာသောအခါ ကေအင်န်ယူနှင့် မွန်ပြည်သစ်တို့သည် ဂိတ်များဖွင့်ကာ အခွန်ကောက်ခြင်းဖြင့် ငွေေ ကြး တောင့်တင်းလာသည်။ ကေအင်န်ယူမှာ ပိုမိုငွေကြေး တောင့်တင်းလာသည်ဟု ဆိုသည်။ ထို့နောက် ပိုင်း တပ်ပေါင်းစု ဆက်ဆံရေးမှာ အက်ကွဲလာပြီး ဦးနုမှာလည်း ပါလီမန်ဒီမိုကရေစီပါတီမှ နုတ်ထွက် ကာ တော်လှန်ရေးအိပ်မက် အဆုံးသတ်လေသည်။
ပြည်တော်ပြန်
တော်လှန်ရေးအိပ်မက် ပျက်ပြားပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်နေဝင်းက လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာလိုက်သည်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော အစိုးရက နိုင်ငံရေးသမားများကို ပင်စင်ပေးခြင်း၊ နိုင်ငံ့ဂုဏ်ရည်ဆုများ ချီးမြှင့်ခြင်းတို့ ပြုလုပ်လျက်ရှိရာ ဦးကျော်ငြိမ်းနှင့် ဦးနုတို့က အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကာ ကိုသုဝေတို့ကို ပြည်တွင်း ပြန်လာရန် ဖိတ်ခေါ်သည်။
သို့နှင့် ပြည်တော်ပြန် လာခဲ့သည်။ မျှော်တော်မူသော အပြောင်းအလဲသည် ခေါင်းဆောင်ကြီးများ ဆုံးပါးသည့်တိုင် ပေါ်မလာဘဲ ၁၉၈၈ အရေးတော်ပုံ ပေါ်ပေါက်လာမှသာ အပြောင်းအလဲ ပေါ်လာေ တာ့သည်။ ၈၈ အရေးတော်ပုံပြီးနောက် ဗိုလ်မှူးအောင်တို့နှင့်အတူ ဒီမိုကရေစီပါတီကို ထူထောင်ကာ ပထမဆုံး ပါတီမှတ်ပုံတင်ခဲ့သည်။
ထိုစဉ်က NLD ပါတီ အပါအဝင် ပါတီငယ်လေးများ ၂၀၀ ကျော်ခန့် ပါတီမှတ်ပုံတင်ကြပြီး တပ်မတော် အစိုးရကို မုန်းတီးနေသော ပြည်သူလူထုကလည်း နီးစပ်ရာ ပါတီတိုင်းတွင် ဝင်ရောက် လှုပ်ရှားကြသည်။ ယင်းကဲ့သို့ ပါတီငယ်များ ပြန့်ကျဲနေသဖြင့် ရွေးကောက်ပွဲ ပြုလုပ်ပါက မဲကွဲသွားနိုင်ပြီး တစ်ခုတည်းေ သာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကသာ အနိုင်ရမည်ဟု အမျိုးသား ထောက်လှမ်းရေး အဖွဲ့များက အစီရင်ခံသည်ဟု ဆိုသည်။ သို့ဖြင့် ရွေးကောက်ပွဲကို အမှန်အကန် ကျင်းပပေးခဲ့လေရာ ဗိုလ်ချုပ်အောင် ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက အပြတ်အသတ် အနိုင်ရသွားသည်။
ထိုစဉ်က တပ်မတော် အာဏာလွှဲပြောင်း ပေးမည်ကို သံသယရှိသော ဦးသုဝေက NLD ပါတီမှ ဗိုလ်မှူးကြီး ကြည်မောင်ထံ သွားကာ (ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ဖြစ်သည်) တပ်မတော်ကို စိတ်ချလက်ချ အာဏာလွှဲပြောင်း ပေးလိုအောင် ပြည်ထဲရေး သို့မဟုတ် ကာကွယ်ရေး တာဝန်ကို ခန့် အပ် ပေးသင့်ကြောင်း၊ NLD ဘက်ကပင် ဦးဆောင်ဖိတ်ခေါ်ကာ ဆွေးနွေးစေလိုကြောင်း ဦးသုဝေက သွားရောက် အကြံပြုသေးသည်။ သို့သော် ဗိုလ်မှူးကြီး ကြည်မောင်က ဒီမိုကရေစီ နည်းအရ လက်မခံနို င်ဟုဆိုကာ ငြင်းပယ်ပြီးနောက် တပ်မတော် အစိုးရကလည်း အာဏာလွှဲ မပေးခဲ့ချေ။
တပ်မတော်အစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး လှုပ်ရှားမှုများ အဆက်မပြတ် လုပ်ဆောင်နေသော ဦးသုဝေသည် ထောင်နှစ်ကြိမ် ကျခဲ့သည်။ ပထမအကြိမ်တွင် ငါးလကျသည်။ နောက်တစ်ကြိမ်တွင်မူ ၁၀ နှစ်ခန့် အကျဉ်းစံခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် အကျဉ်းသားဘဝမှ လွတ်မြောက်လာသည်။
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေး အချိုးအကွေ့ကို ဖြစ်ပေါ်စေ မည့်၊ တစ်နည်းအားဖြင့် ယခင်က အာဏာပိုင် စနစ်ကြောင့် ညှိုးနွမ်းခဲ့ရရှာသော ဒီမိုကရေစီ ပျိုးပင်ကို ပြန်လည် ယုယပျိုးထောင်မည့် ဒီမိုကရေစီကျင့် သုံးသော နိုင်ငံအဖြစ် ပြောင်းလဲရန် အထွေထွေ ရွေးကောက်ပွဲကြီးတစ်ခု ကျင်းပခဲ့သည်။
ပြည်သူလူထု မျက်စိတွင် ဗီလိန် ဇာတ်ဆောင်အဖြစ် နှစ်ပေါင်းများစွာ သရုပ်ဆောင်ခဲ့သော တပ်မတော် အစိုးရက ဦးဆောင် ကျင်းပသော ယင်းရွေးကောက်ပွဲကို ဝင်သင့်၊ မဝင်သင့်နှင့် ပတ်သက်၍ အတိုက် အခံ နိုင်ငံရေး အင်အားစု အချင်းချင်းကြားမှာပင် အပြင်းအထန် ငြင်းခုံပွဲကြီး ဖြစ်ပေါ်ခဲ့သည်။ ယင်းငြင်းခုံ ပွဲတွင် ရွေးကောက်ပွဲ မဝင်သင့်ဆိုသော အင်အားစုက ပိုမို အားကဲလျက်ကြားမှပင် ဒီမိုကရေစီစနစ်ကို လိုချင်ပါက ရွေးကောက်ပွဲကို မဖြစ်မနေ ရှောင်လွှဲမရဟု ယုံကြည်ထားသော ဦးသုဝေသည် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီလည်းငယ် ရန်ပုံငွေလည်း နည်းပါးသော ပါတီတစ်ခုအတွက် လူပြောသူပြော ခံရသည့်ကြားမှာ ဝင်ပြိုင်ရခြင်း ဖြစ်လေရာ ရွေးကောက်ပွဲမှ ရရှိမည့် အကျိုးအမြတ်မှာ နည်းပါး လှသည်။
သို့သော် ဦးသုဝေက “စနစ်အပြောင်းအလဲ လုပ်ဖို့ကို လိုလားတာ။ ရှုံးချင် ရှုံးပစေပေါ့” ဟု ပြတ်သားစွာ ဆိုလေသည်။
ဥာဏ်မျိုးအောင်
No comments:
Post a Comment