Written by ဉာဏ်မျိုးအောင်
ဗြိတိန်နိုင်ငံလန်ဒန်မြို့တွင် စာကြည့်တိုက်ပညာတော်သင်အဖြစ်
ပညာသင်ကြားခဲ့ဖူးပြီး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဦးသိန်းဟန်
(ဆရာဇော်ဂျီ) အငြိမ်းစားယူပြီးနောက် ဗဟိုတက္ကသိုလ်စာကြည့်တိုက်တွင်
စာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် စာကြည့်တိုက်ပညာကို
ပြည်တွင်း၌ တက္ကသိုလ်အဆင့် ပထမဆုံး ဖွင့်လှစ်သင်ကြားနိုင်ရန်
ဦးဆောင်ကြိုးပမ်း ခဲ့သော ဆရာဦးသော်ကောင်း (ဖုကုအိုကအာရှ ဓလေ့ဆိုင်ရာဆုရှင်) နှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ပြည်သူ့စာကြည့်တိုက်တွေပေါ့ ဆရာ၊ ကျွန်တော်တို့ဆီက အခေါ်အရဆိုရင်တော့ ကိုယ် ထူကိုယ်ထစာကြည့်တိုက်ပေါ့။ အဲဒီစာကြည့်တို က်တွေက သိပ်ပြီးတော့ အလုပ်မဖြစ်သေးတာ ဘာကြောင့်လဲ ဆရာ။ ဘယ်လိုလုပ်သင့်လဲ။
UTK : တချို့တွေကတော့ အလွယ်ပြောကြတာပေါ့ ဗျာ။ ကလေးတွေ စာမဖတ်ဘူးတဲ့။ တကယ်တော့ လည်း မဟုတ်ဘူးထင်တယ်။ လူငယ်တွေ လက်ထဲကို စာကောင်းပေကောင်း ရောက်အောင် လုပ်ပေးနိုင်ရင် ဖတ်ပါတယ်။ ဘာလို့လဲဆိုတော့ သားက ဒေါ်ခင်ကြ ည်ဖောင်ဒေးရှင်း အတွက် မိုဘိုင်းလ်စာကြည့်တိုက် လုပ်နေတယ်။ မိုဘိုင်းလ် စာကြည့်တိုက်လုပ်တော့ အရမ်းဖတ်တယ်ဗျ။ နောက်ပြီးတော့ စာအုပ်ကို သေချာရွေးပေးရတယ်။ သူတို့လည်း အကြံဉာဏ်ပေးပါ ဆိုပြီးတော့ ပုံစံ လေးတွေလည်း လုပ်ထားပေးတယ်။ ဘယ်လိုစာအုပ် ဖတ်ချင်လဲ၊ တကယ့်စာရေးဆရာေ တွ ဘာတွေသိရင်လည်း ပြောပါ။ ဒါမှမဟုတ်လည်း ဘယ်ဘာသာရပ်ကို ဖတ်ချင်လဲ ပြောပါဆိုတော့ အကြံပြုတယ်။ အဲဒါလေးတွေကို လိုက်ဝယ်တယ်။ တစ်မျိုးကို သုံးဆယ်လောက် ဝယ်ပြီးတော့ ဘတ်စ် ကားပေါ်၊ မိုဘိုင်းလ်စာကြည့်တိုက်ပေါ် ထည့်ထားတော့ စာအုပ်တွေက တစ်ချိန်လုံး ခန်းနေတော့ အော င်မြင်တယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒါက တစ်နေရာလေးပဲ ရှိသေးတာ။ အများကြီး လိုသေးတယ်။ တကယ်သာ လုပ်နိုင်ရင် မော်တော်ကား မသွားနိုင်တဲ့ နေရာဆိုရင် လှေတို့ ဘာတို့နဲ့ သွားပေါ့ဗျာ ။ နိုင်ငံခြားမှာ ရှိပါတယ်။ ကမ္ဘောဒီးယားမှာအများကြီးပဲ ရှိတယ်။ နောက်ပြီးတော့ တရုတ်ပြည်မှာ ကျောပိုး အိတ်နဲ့တောင် သွားတယ်ဗျာ။ နောက်ပြီးတော့ မြင်းလေးတွေ ဘာလေးတွေနဲ့ သွားတာလည်း ရှိတယ်။ အဲဒါ ခေါင်တဲ့နေရာပေါ့။
အခုဟာကဗျာ စာကြည့်တိုက်တွေက အရေအတွက်သာ များနေတယ်။ အရေအတွက် ငါးသောင်းဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံကြီးတွေမှာတောင်မှ အဲသလောက် မရှိဘူး။ အာရှ တိုင်းပြည်တွေမှာလည်း အဲသလောက် မရှိဘူး။ ဆိုတော့ နာမည်သာစာကြည့်တိုက် ဖြစ်နေတာလေ တကယ့် စာကြည့်တိုက်လုပ်ငန်းကို မလုပ်နိုင်ဘူး။ စာကြည့်တိုက်လုပ်ငန်း လုပ်ဖို့ကလည်း ဆရာဇော်ဂျီက အမြဲပြောတယ်။ စာပေတိုက်တွေက လှူထားတဲ့ စာအုပ်တွေရှိမယ်၊ ဂျာနယ်အဟောင်းတွေ ရှိမယ်။ ဒါပေမဲ့ ဂျာနယ် အဟောင်းဆိုရင် မဖတ်ချင်ကြဘူး။ အသစ်သာဖတ်ချင်တာ စာကောင်းပေကောင်း ထားပေးရ မယ်။ ဒေသခံအတွက် သူတို့ လိုချင်တာလည်း ပေးရမယ်။ ပြီးရင် တစ်ခါ ကိုယ်က ပညာပေးတဲ့အနေနဲ့ စာကြည့်တိုက်မှူး ကပဲဖြစ်ဖြစ် ရွေးပေးပြီးတော့ သူတို့တွေ တဖြည်းဖြည်း တက်လာအောင်ပေါ့။ သူတို့က စစချင်းဝတ္ထုတို့ ဘာတို့ ဖတ်တယ်ဆိုရင် နောက်ပိုင်းမှာ သုတစာတွေ ထည့်လာပြီး သူတို့ကို ဆွဲယူသွားဖို့။ အဆင့်မြှင့်တင်ပေးဖို့။ အဲတော့ စာကြည့်တိုက်မှူးကောင်းလည်း လိုတယ်ဗျ။ သင်တန်းတက်ထားတဲ့ စာကြည့်တိုက်မှူး ကောင်းကောင်း လိုတယ်။ နောက် အဓိကတော့ သင်ပေးလို့မရဘူး။ အဲဒါကတော့ စေတ နာ ကောင်းရမယ်။ စာမဖတ်ဘူးဆိုတာ မဟုတ်ဘူး။ ဗမာတွေ စာဖတ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရထားတွေ ဘာတွေပေါ်မှာ ဖတ်နေကြတာပဲ။
Voice : အဲတော့ ဆရာ ပြည်သူ့စာကြည့်တိုက် ပုံစံထက် မိုဘိုင်းလ်စာကြည့်တိုက်ပုံစံ ပြောင်းစေချင်တာ လား။
UTK : မိုဘိုင်းလ်ကတော့ အားလုံးမဖြစ်နိုင်ဘူး။ ဆရာတို့ ဒီလိုမြို့တွေ မြို့ကြီးတွေ မြို့အငယ်စားေ တွ တော်တော်များများကတော့ အဆောက်အအုံနဲ့ပဲ။ ဆရာဇော်ဂျီက ဘီသုံးလုံးတို့ ဘီလေးလုံး တို့ ဟောပြော လေ့ရှိတယ်လေ။ B တစ်လုံးကတော့ Building ပေါ့။ တကယ့်စာကြည့်တိုက်က အဆောက်အအုံတစ်ခုတော့ ရှိရမယ်။ ပြီးရင် Brain ပြောတယ်။ ဒါကတော့ စာကြည့်တိုက်မှူးကို သူက ဆိုလိုတာ။ စာကြည့်တိုက်မှူး ကောင်းကောင်း ရှိရမယ်။ ပြီးရင် Bookဆိုတာ စာအုပ် ရှိရမယ်။ နောက် B တစ်လုံးက Budget ထင်တယ်။ ငွေမရှိရင်လည်း မရဘူး။ ဒါပေမဲ့ စာကြည့်တိုက် တစ်ထောင် နှစ်ထောင် ပဲရှိရင် ရတယ်ဗျ။ သောင်းဂဏန်း မလိုဘူး။ တစ်ထောင်နှစ်ထောင် စာကြည့်တိုက် ကောင်းကောင်း၊ အဆင့်အတန်းကောင်း ကောင်းလေးလုပ်နိုင်ရင် ငွေရေးကြေးရေးကတော့ အစိုးရတစ်ခုတည်း အားကိုးလို့ မရဘူးလို့ ထင်တယ်။ အပြင်အဖွဲ့အစည်းတွေကော အားလုံးဝိုင်းလုပ်မှပဲ ရမယ်ထင်တယ်။
နောက်ဆရာတို့ အခုမြင်တာကတော့ ဒေသခံ လိုတယ်ဗျ။ ဒေသခံက အားကောင်းလို့ရှိရင် စိတ်ဝင်စားလို့ ရှိရင် အောင်မြင်တယ်။ ဒီကသွားဖို့မလိုဘူး။ သွားလုပ်ရင် ခဏလေးပဲ သင်ပေးပြီးတော့ ပြန်ပျက်တယ်။ ဖျာပုံမှာဆို အောင်မြင်တယ်။ ဒီက စာအုပ်တွေ ဘာတွေပေးတယ်။ အခုသူတို့ဘာသာ သူတို့ ဘာမှမလိုေ တာ့ဘူး။ ငွေလည်း သူတို့ဘာသာ ရှာလို့ရတယ်။ အဆောက်အအုံလည်း ဖြစ်သွားပြီ။
Voice : နောက်တက္ကသိုလ်ကောလိပ် စာကြည့်တိုက်တွေရဲ့ လက်ရှိအားသာချက် အားနည်းချက်တွေ ကို ပြောပေးပါဦးဆရာ။
UTK : လောလောဆယ်တော့ ဟောင်းနေတာပေါ့ဗျာ။ ဗမာစာအုပ်က လွဲလို့ ဗမာစာအုပ်တောင်မှ ဆရာတို့ခေတ် တုန်းကလို ထွက်တိုင်းဝယ်လို့ မရတော့ဘူးလေ။ ဘတ်ဂျက်က မလောက်တော့ဘူး။ စာအုပ်ဈေးတွေကလည်း တက်သွားတယ်။ ဆရာဇော်ဂျီတို့၊ ဆရာတို့ လုပ်တုန်းကတော့ ထွက်တဲ့ စာအုပ်အားလုံး ဝယ်တာပဲ။ အဲဒီ တုန်းကတော့ ရုပ်ပြတောင် ဝယ်တယ်။ ဒီတစ်ခေတ်မှာ ဒီလိုစာအုပ်တွေ ထွက်ခဲ့တယ်ဆိုတာ ပြလို့ရအောင် ဆိုပြီးတော့ သိမ်းထားတယ်။ နိုင်ငံခြားမှာစာအုပ်ထုတ်တိုင်း အောက် စဖို့ဒ်တို့၊ ကိမ်းဘရစ်တို့လို တက္ကသိုလ်ကြီးတွေက တစ်အုပ်တစ်အုပ် ရတယ်။
ဒီမှာက အရင်တုန်းက ရတယ်။ ရှေးတုန်းက ရတယ်။ ဒါပေမဲ့ ပျက်သွားတာ ကြာပြီ။ ၆၂ နောက်ပိုင်းမရဘူး။ အဲဒီလို ပေးဖို့ ဥပဒေအသစ် ပြန်လုပ်လို့ရှိရင် အမျိုးသားစာကြည့်တိုက် ပေးရမယ်၊ တက္ကသိုလ်အကြီးကြီးေ တွ ပေးရမယ်။ အနည်းဆုံး ရန်ကုန်၊ မန္တလေးပေါ့ဗျာ။ ပေးလို့ရှိရင် သူတို့လည်း သိမ်းထားပေးမယ်။ ဒီစာအုပ် ဟာ မပျောက်ပျက်သွားဘူးပေါ့။ အခုဟာက အဲဒီဥပဒေကလည်း မရှိဘူး။
Voice : နောက်တစ်ခုက တက္ကသိုလ် စာကြည့်တိုက်တွေမှာ သီးသန့်ရန်ပုံငွေ မရှိတော့ တစ်နှစ်တစ်နှစ်ကို ဝယ်တဲ့စာအုပ်က တစ်ကိုယ်ရေ ကိုယ်ဘာသာဝယ်တဲ့ စာအုပ်လောက်ပဲ ရှိတယ် ဆရာ။ ဒါနဲ့ပတ်သက်လို့ေ ကာ ဘယ်လိုမြင်ပါသလဲဆရာ။
UTK : ဟုတ်တယ်။ အဲဒါက ဆရာမြင်တာတော့ အစိုးရဘတ်ဂျက်က နည်းတယ်။ အခုပြီးခဲ့တဲ့ တစ်နှစ်က စလို့တော့ နှစ်ဆပေးတယ်။ ဒါပေမဲ့လည်း မလုံလောက်ဘူး။ မလုံလောက်ဘူးဆိုတာ နိုင်ငံခြားမှာထုတ်တဲ့ ပညာရပ်နဲ့ ပတ်သက်တယ် ဆိုပါတော့။ ရူပဗေဒတို့၊ ဓာတုဗေဒတို့ အဲလို စာအုပ်မျိုးတွေကအများကြီး ထွက်တယ်။ ဆရာတို့ဆီမှာ သွားကြည့်လို့ရှိရင် ခေတ်မမီတော့ဘူး။ သိပ္ပံဘက်က ဆိုပါတော့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဆိုရင် ခေတ်မမီတော့ဘူး။ Medical ဆို ပိုဆိုးတာပေါ့။
အဲတော့ ဒီကျောင်းသုံးစာအုပ် လိုတယ်။ ကျောင်းသားတွေ အတွက် Reference လိုတယ်။ အဲဒါ ကတော့ အခုလောလောဆယ် ကတော့ စစချင်း ဆရာတို့တိုင်းပြည်ကိုကူမယ့် လူတွေကတော့ လောလောလတ်လ တ်တော့ ရှိတာပေါ့။ ဒါပေမဲ့ ရေရှည်ကတော့ သူတို့ကိုလည်း အမြဲတမ်း အားကိုးနေလို့မရဘူး။ ကိုယ့်ဘာသာ ရပ်တည်နိုင်ရမယ်။ အဲတော့ အဲဒါတော့ ဘယ်လိုဖြေရှင်းကြမလဲ ဆရာလည်းမသိဘူး။ တိုင်းပြည်တိုးတက် လာရင်တော့ ဘတ်ဂျတ်က ပညာရေးဘက်ကို ပိုပေးနိုင်ရင်တော့ ရမှာပေါ့။ စာအုပ်ကတော့ တက္ကသိုလ်ရဲ့ အသက်တစ်ခုပဲလေ။ သင်ကြားဖို့ဆိုတာလည်း စာအုပ်မရှိဘဲ မဖြစ်ဘူး။ ဆရာတွေကိုက စာကောင်းပေေ ကာင်း ဖတ်နေရမယ်။ နောက် သူ့ဘာသာရပ်မှာ ခေတ်မီနေရမယ်။ နောက်မဟုတ်လို့ ရှိရင် ဟိုးအရင်နှစ် ကလည်း ဒီ Notes ပဲ။ ဒီနှစ်လည်း ဒီ Notes ပဲ ဆိုရင် ဘယ်လိုမှမတိုးတက်ဘူး။ အဟောင်းတွေပဲ ဖြစ်ေ နတော့။ အဲတော့ ခေတ်နဲ့ ရင်ပေါင်တန်းသွားနိုင်ဖို့က စာအုပ်တွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ များများဖတ် ထားမှ။
Voice : ဆရာ နောက်တစ်ခုက ပြည်တွင်းထဲမှာ စာကြည့်တိုက်တွေ အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု အားနည်းတာကော ဘယ်လိုမြင်ပါသလဲ။
UTK : အဲဒါလည်းမရှိဘူး။ သိပ်အားနည်းနေတယ်။ နိုင်ငံခြားမှာတော့ Library Cooperation ဆိုပြီးတော့ သူတို့ Network တွေလုပ်တယ်။ လုပ်ပြီးတော့ စင်ကာပူကတော့ အကောင်းဆုံးပဲလေ။ တိုင်းပြည်က ငယ်တော့ အားလုံး စာကြည့်တိုက်တွေ ပြည်သူ့စာကြည့်တိုက်ကော၊ အမျိုးသားစာကြည့်တိုက်ကော၊ တက္ကသိုလ် စာကြည့်တိုက်ကော သူတို့ အခုကတော့ အီလက်ထရွန်နစ်နဲ့ ဆက်သွယ်တာ များတယ်။ ဒါပေမဲ့လည်း Inter-Library Loan ဆိုတာရှိတယ်။ ဥပမာ-တက္ကသိုလ်ကျောင်းသား တစ်ယောက်က စာကြည့်တိုက်မှာ စာအုပ်သွားရှာတယ်။ သူ့စာကြည့် တိုက်မှာ မရှိဘူးဆိုရင် အမျိုးသား စာကြည့်တိုက်မှာ ရှိတယ်ဆိုရင် သွားငှားလို့ ရတယ်။ စာကြည့်တိုက်မှာ မရှိပေမယ့် Catalogue Data မှာတော့ရှိတယ်။ ဒီစာအုပ်က ဘယ်မှာရှိတယ်၊ ဘယ်မှာ သွားငှားရင် ရတယ်ဆိုတာ ပြထားတယ်။ အဲဒီမှာ သွားကြည့် လို့ရတယ်။ တချို့တွေဆိုရင် နောက်တစ်ရက်မှာ ရောက်လာတာပဲ။ အဲဒါ မျိုးတွေက ကွန်ရက်တွေ လုပ်ဖို့ကောင်းတယ်။ စာကြည့်တိုက်တစ်ခုနဲ့တစ်ခု အချိတ်အဆက် လုပ်ပြီးတော့ ငှားဖို့ပေါ့။
Voice : တခြားနိုင်ငံတွေမှာ အမျိုးသား စာကြည့်တိုက်ကြီးတွေက ထွက်သမျှ စာအုပ်အစုံ စုထားတယ်လို့ သိရပါတယ်။ ဒီမှာရှိတဲ့ အမျိုးသားစာကြည့်တိုက် ကိုလည်း ထွက်သမျှစာအုပ်တွေ စုနိုင်အောင် ဘာတွေ လိုအပ်ပါသလဲ ဆရာ။
UTK : ဒီမှာက ခင်ဗျားတို့လည်း သိမှာပါ။ အရင်တုန်းက စာပေစိစစ်ရေးဆိုတာ အုပ်ဘယ်လောက် လဲ ခြောက်ဆယ်လောက်လား အများကြီးပေးရတယ် မဟုတ်လား။ တကယ်သိမ်းတဲ့ စုတဲ့နေရာ မရောက်ဘူးဗျ။ ဟိုမှာက အဲလောက်လဲ မပေးရဘူး။ ဆိုပါတော့ ဆယ့်ငါးအုပ်လောက် ပေးရတယ်ဆိုရင် တစ်ဝက်လောက်က စာကြည့်တိုက် တွေ ရောက်တယ်။ သူတို့ရဲ့ အမျိုးသားစာကြည့်တိုက် ရောက်တယ်။ တက္ကသိုလ် ကြီးတွေရဲ့ စာကြည့်တိုက် ရောက်တယ်။ အင်္ဂလန်မှာဆိုရင် သူတို့ ပြည်နယ်တွေ ရှိတယ် Scotland တို့ Wales တို့ ဘာတို့ ရှိတာပေါ့။ အဲဒီက အမျိုးသားစာကြည့်တိုက် သူ့ပြည်နယ်ပေါ့။ အဲဒါအ တွက်လည်း ပေးတယ်။ သိမ်းမယ့်နေရာ၊ ဖတ်မယ့်နေရာ ရောက်တယ်။ ဒီမှာကတော့ အများကြီး ဟိုတုန်း က ပေးရပါတယ်။ ဒါပေမဲ့ သိမ်းတဲ့နေရာ မရောက်ဘူး။ ဆရာတို့ အမျိုးသား စာကြည့်တိုက်တောင် အစုံမေ ရာက်ဘူး။
အမျိုးသားစာကြည့်တိုက်ကလည်း အခုထက်ထိ ဥပဒေမရှိသေးဘူး။ ရှိဖို့တော့ ကောင်းတယ်။ အဲဒီဥပဒေ မှာမှ ထပ်ထည့်ထားတယ်။ တက္ကသိုလ် စာကြည့်တိုက်လည်း ပေးရမယ်။ တက္ကသိုလ်ဆိုလည်း ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် စသဖြင့် တက္ကသိုလ်အကြီးတွေကို နာမည်နဲ့ ထည့်ထားတယ်။ အဲဒါမျိုး ကတော့ ဥပဒေနဲ့ လုပ်ဖို့ကောင်းတယ်။ ပြည်သူ့ စာကြည့်တိုက်လည်း နိုင်ငံခြားမှာ ဥပဒေရှိတယ်။ ဒီအရှေ့တောင်အာရှ ဥပဒေတွေ စုပြီးတော့ ဆရာတို့ တစ်ခါပေးဖူးတယ်။ လူကြီးတွေကို အဲဒါတွေကို ကြည့်ပြီးတော့ မတိမ်းမယိမ်းပေါ့ ကိုယ့်တိုင်းပြည်နဲ့ ကိုက်အောင် လုပ်ပေးမယ်ဆိုရင် Funding က ဘတ်ဂျက်က နှစ်နည်းရှိတယ်ဗျ။ ဗဟိုအစိုးရက ပေးတာ ရှိတယ်။ ဒါပေမဲ့လည်း အဲဒါက ဘယ်တော့မှ မလုံလောက်နိုင်ဘူး။ အဲတော့ဘယ်လိုရှိလဲ ဆိုတော့ Local Tax ရှိတယ်။ အင်္ဂလန်မှာဆို ဟိုတုန်းက တစ်ပဲနိပဲ။ တစ်ပဲနိ ဆိုတာ ဘာမှမရှိဘူး။ စာကြည့်တိုက်အတွက် Penny Tax လို့ခေါ်တယ်။ ကိုယ့်ဒေသရဲ့ စာကြည့်တိုက်ကို ပံ့ပိုးဖို့ အဲဒီဒေသက လူက တစ်ပဲနိပဲ ပေးရတယ်။ ဒီမှာ ဆိုပါတော့ဗျာ ရန်ကုန်စည်ပင် ဆိုရင် ပိုက်ဆံရှိပါတယ်။ သူက ဘာTax တွေရှိလဲတော့ ဆရာလည်း မသိဘူးလေ။ အခွန်တစ်ခုတည်း မှာ နှစ်ကျပ် သုံးကျပ်ပဲ ကောက်မယ်ဆိုရင် ဒီမှာက လူဦးရေက ငါးသန်းလောက်ရှိတယ် မဟုတ်လား။ အဲတော့ ဘတ်ဂျက်က အများကြီးရမယ်။ အဲလို Local Tax ရှိတယ်။ ဆင်းရဲတဲ့ နေရာတော့ မယူဘူးပေါ့။ ရွာတွေ ဘာတွေတော့ မယူဘူးပေါ့။
Voice : တခြားနိုင်ငံတွေမှာ ထုတ်သမျှ စာအုပ်တွေကို အမျိုးသားစာကြည့်တိုက်လိုမျိုး စာကြည့်တိုက်ေ တွဆီ ပို့ပေးဖို့ မူပိုင်ခွင့်ဥပဒေ ထဲမှာ ထည့်ထားတယ်လို့ သိရပါတယ်။ ဒီကအခြေအနေကိုရော ဆရာ ဘယ်လိုမြင်ပါသလဲ။
UTK : သူတို့က မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်ပြီးတော့ Copy Right ပါ တစ်ခါတည်း မှတ်ထားတယ်။ သူတို့ Register လည်း လုပ်ထားတယ်။ ဥပမာ- ပြဿနာဖြစ်လို့ ရှိရင် အဲဒီမှာ သွားဖြေရှင်းလို့ ရတ ယ်။ နောက်ပြီးတော့ ISBN နံပါတ်ဆိုတာ ရှိတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်လေ။ ကွန်ပျူတာနဲ့ အဲဒီနံပါတ်ကို ကြည့်လိုက်လို့ရှိရင် စာအုပ်ရဲ့ Dataတွေ အားလုံး ထွက်လာတယ်။ စာအုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဘယ်ထုတ်ဝေသူက ထုတ်တယ်။ ဘယ်တုန်းက ထုတ်တယ်။ စာရေးဆရာ ဘယ်သူပါ။ အသေးစိတ်ပါတယ်။ နောက်ပြီးတော့ အချုပ်ကလေးလည်း ပါတယ်။
Voice : အခု မြန်မာနိုင်ငံမှာလည်း မူပိုင်ခွင့် ဥပဒေကို လွှတ်တော်တင်မယ်လို့ သိရပါတယ်။ အဲဒီအထဲမှာေ ကာ ဒီလိုမျိုး ပြဋ္ဌာန်းချက်တွေ ထည့်ဖို့လိုပါသလား ဆရာ။
UTK : အဲဒါ ပါ မပါတော့ မသိဘူး။ မူပိုင်ခွင့်ကတော့ စစချင်းကတော့ ဆရာတို့ အတွက်တော့ နည်းနည်းေ တာ့ အခက်အခဲ တွေ့မှာပေါ့လေ။ နိုင်ငံခြားမှာ သွားဆွေးနွေး တုန်းကတော့ စာအုပ်က အဓိကမဟုတ်ဘူး။ ဂီတတွေကို အဓိထားတယ်။
Voice : ပြည်တွင်းထဲမှာ စာကြည့်တိုက်မှူးကောင်းတွေ မွေးထုတ်ပေးဖို့ ဘယ်လိုမျိုး အခက်အခဲတွေရှိပြီး ဘာတွေ လိုအပ်သလဲ ဆရာ။
UTK : ဆရာကိုယ်တိုင် စခဲ့တဲ့သင်တန်းက အခုတော့ ဘွဲ့လွန်ဒီပလိုမာရှိတယ်။ ဟိုး အောက်ပိုင်းလည်း ရှိတယ်။ အောက်ပိုင်းက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ ဆိုတော့ ဝိဇ္ဇာလိုင်း ရှိတယ်။ ဘွဲ့လွန်ဒီပလိုမာ ရှိတယ်။ အဲဒီသင်ကြားရေး အဆင့်အတန်းကို မြှင့်ရမယ်။ မြှင့်ရမယ်ဆိုတာတော့ ဒါက ပြောလို့ရှိရင် ဆရာတို့ ပညာရပ်တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့။ ဆရာတို့ပညာရပ် ကတော့ Library and Information Study ဆိုတော့ ဗမာလိုကတော့ စာကြည့်တိုက်နဲ့ သုတပညာပေါ့။ အဲဒီသင်ကြားတဲ့ ဆရာတို့ဟာတွေ သိပ်ဟောင်းနေပြီ။ ဆရာ ရှိတုန်းကတော့ အမေရိကား ဟာဝိုင်ရီက လွှတ်ပြီးေ တာ့ အောင်လာတဲ့ ဆရာ ဦးသိန်းလွင်ဆိုတာ သူက တစ်ခါ Revise ပြန်လုပ်ပေးဖူးတယ်။ သူက အဲဒီက မဟာဝိဇ္ဇာ ရတယ်လေ။ အထူးသဖြင့် မဟာဝိဇ္ဇာတို့၊ ပါရဂူတို့က သူလုပ်ပေးတယ်။ အခုတော့ ဆရာတို့ ဒီစာကြည့်တိုက်ပညာ ဌာနမှာ ဆရာတို့သင်ပေးတဲ့ ပြည်တွင်းက တပည့်တွေပဲ ရှိတော့တယ်။ နောက် နိုင်ငြံ ခား ပြန်လွှတ်ဖို့ လိုနေတာပေါ့။ နောက်တစ်ခုက သင်ကြားရေး ပုံစံလည်း ပြောင်းရမယ်။ သူတို့သုံးတဲ့ စာအုပ်တွေကလည်း ခေတ်မီအောင် ပြန်လုပ်ရမယ်။ အပြင်မှာ ကျတော့လည်း တကယ့် သင်တန်းကော င်းကောင်း မရှိဘူး။ ပြည်သူ့စာကြည့်တိုက်တွေ အတွက်။ အဲဒါကလည်း စာကြည့်တိုက်အသင်းက ဦးဆောင်ပြီးတော့ လုပ်နေတာလေးတွေ တော့ရှိတယ်။ သိပ်ကြီးတော့လည်း သူတို့ကိုယ်တိုင်က ပိုက်ဆံတော့ မရှိဘူး။ အမျိုးသား စာကြည့်တိုက်မှာ သင်ပေးတာ တွေရှိတယ်။ အဲတော့ အစုံ လာ တက်ပါတယ်။ အဲဒါတွေက ထပ်ဖြည့်ဖို့ ထပ်ပြီးတော့ အဆင့်အတန်း မြှင့်ဖို့တော့ လိုတယ်။
ဥာဏ်မျိုးအောင်
No comments:
Post a Comment