Written by ဉာဏ်မျိုးအောင်
လွှတ်တော် ကိုယ်စားလှယ်များ အလုပ်ပိုတွင်လာ တော့မည်လော။ ” အစိုးရမဏ္ဍိုင် သုံးရပ်အနက် အသွက်လက်ဆုံး ပြေးနေသည်ဟု ဆိုနိုင်သော ဥပဒေပြုရေး မဏ္ဍိုင်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် ဝန်ထမ်းတစ်ယောက်ထားရှိခွင့်ကို လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ အခွင့်အရေး ဥပဒေတွင် ထည့်သွင်းရေးဆွဲထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ အခွင့်အရေးကို ဥပဒေပြုရေး တာဝန်ရှိသော လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် ဆုံးဖြတ်အတည်ပြု ဘရမည် ဖြစ်လေရာ ယင်းအချက်ကို အတည်ပြုနိုင်ခြေများကြောင်းလည်း ၄င်းတို့က စိတ်ချလက်ချ ယုံကြည်ေ နကြသည်။
သို့ဖြစ်ရာ ယင်းအချက်သာ အတည် ဖြစ်သွားပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ဖယ်ချန်ရေတွက်လျှင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃၀ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးအတွက် လွှတ်တော် ဝန်ထမ်းဦးရေ စုစုပေါင်း ၄၉၈ နေရာ လိုအပ်ချက် ရှိလာမည်ဖြစ်သည်။ ဝန်ထမ်းလိုအပ်ချက်နှင့် တစ်ပါ တည်းပင် မည်သို့သော အရည်အချင်းရှိသည့် ဝန်ထမ်းများကို ခန့်အပ်မည်ဆိုသော မေးခွန်းလည်း ပေါ်ပေါ က်လာသည်။
ဒီမိုကရေစီစနစ် ကူးပြောင်းစ၊ လွှတ်တော်သက်တမ်း သုံးနှစ်မျှသာ ရှိသေးသော မြန်မာနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် အရည်အချင်း ချို့တဲ့မှုပြဿနာရှိလေရာ အရည်အချင်း ပြည့် ဝသော လွှတ်တော်ကိုယ်စားလှယ်၏ ဝန်ထမ်းအဆင်သင့်ရရှိရေးမှာလည်း ပြဿနာတစ်ခု ဖြစ်သည်။
ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန် လွှတ်တော်ဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေးရာတွင် ဥရောပသမဂ္ဂ အနေနှင့် ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂ နိုင်ငံခြားရေးအရာရှိ ကက်သရင်းအက်ရှ်တန် ရှေ့မှောက်တွင် တောင်းဆိုလိုက်သည်။
ယင်းကိစ္စမှာ ဓမ္မဓိဋ္ဌာန်ကျသောကိစ္စ ဖြစ်သဖြင့် ကူညီပါမည်ဟု မစ္စစ်အက်ရှ်တန်ကလည်း ကတိပြု သွားသည်။
ကမ္ဘာ့ဒီမိုကရေစီအား အကောင်းဆုံးဆိုသော နိုင်ငံများတွင် လွှတ်တော်ဝန်ထမ်းများကို ကောင်းစွာ လေ့ကျ င့်ပေးထားရာ လွှတ်တော်ဝန်ထမ်း များသည် အတွေ့အကြုံ ကြွယ်ဝပြီး လွှတ်တော်အားကောင်းရေးအတွက် အထောက်အကူ ပြုကြောင်း ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံကြီးများသို့ ခရီးလှည့်လည် ထားသော ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
"ကိုယ်စားလှယ်အသစ်တွေ ဝင်လာတဲ့ အခါမှာလည်း သူတို့က အထောက်အကူ ပြုတယ်" ဟု ၄င်းက ဖြည့် စွက်သည်။
ထို့အပြင် ဝန်ထမ်းခန့်အပ်ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခွင့် ပြုစေ သင့်ကြောင်းကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဝန်ကြီးတစ်ဦး၏ ယာဉ်မောင်းခန့်အပ်မှုနှင့် နှိုင်းယှဉ် အကြံပြုသည်။ ပြည်ထောင်စု ဝန်ကြီးတစ်ဦးက ယာဉ်မောင်း လိုအပ်ကြောင်း အစိုးရအဖွဲ့ထံတင်ပြရာ ဝန်ကြီးကိုယ်တိုင် ရွေးချယ်ခန့်အပ်ရန် အစိုးရအဖွဲ့က ခွင့်ပြုသည် ဟုဆိုသည်။ ယင်းသို့ ခန့်အပ်ခွင့် ပြုသော်လည်း အစိုးရအဖွဲ့၏ အရေးကြီးကိစ္စရပ်များကို ကားအ တွင်း ဆွေးနွေးရာ၌ မပေါက်ကြားစေရန် ရင်းနှီးပြီးသူကိုသာ ခန့်အပ်ရန် အကြံပြုသည်ဟု ဆိုသည်။
"နောက်ပိုင်းကျမှ အဆင်မပြေရင် ဥပဒေနဲ့ သတ်မှတ်ပေးပေါ့" ဟု ဦးရဲထွန်းက ဆိုသည်။
လွှတ်တော်သက်တမ်း တစ်ခု၊ နှစ်ခု ခန့်ကြာမှသာ ယင်းကဲ့သို့ ခန့်အပ်ခြင်းသည် အဆင်မပြေပါက ပညာအရည်အချင်း မည်မျှရှိရမည်၊ ကွန်ပျူတာ အသုံးပြုတတ်ရမည်၊ သက်ဆိုင်ရာက လေ့ကျင့် သင်တန်းပေးထားသူ ဖြစ်ရမည်စသဖြင့် သတ်မှတ်ပြီး ဥပဒေပြဋ္ဌာန်းသင့်ကြောင်း ၄င်းက ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကမူ ဝန်ထမ်းများကို လွှတ်တော်က ရွေးချယ် ခန့်ထားပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ထမ်းတစ်ဦး တွဲပေးမည်ဟု ယူဆကြောင်း ပြောဆိုသည်။
လွှတ်တော်အားကောင်းရေး အတွက် ပြုပြင်ပြောင်းလဲရေးတစ်ဆင့် ဖြစ်သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဝန်ထမ်းတစ်ဦး ရှိခွင့်ကို လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံသော်လည်း နိုင်ငံတော် ဘဏ္ဍာငွေလိုငွေပြမှုနှင့် ဖွံ့ဖြိုးရေးငွေကြေးအများအပြား လိုအပ်နေချိန်တွင် ဝန်ထမ်းခြောက်ရာကျော် အတွက် လစာထပ်ပေးရမည်မှာ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူတချို့က ဝေဖန်သည်။
သို့သော်လည်း လွှတ်တော်တွင်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေးနှင့် မိမိမဲဆန္ဒနယ်ကို ကိုယ်စားပြုနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီတွင် ကိုယ်ပိုင်ဝန်ထမ်းများ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ချေပသည်။
လွှတ်တော်အတွင်း ဆွေးနွေးမေးမြန်းရာတွင် လိုအပ်သော အကိုးအကားများ၊ ဥပဒေများ၊ အစိုးရဌာန ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အချက်အလက်များကို ရှာဖွေရေးသားခြင်း၊ စာစီခြင်း၊ မိတ္တူကူးခြင်းတို့ကို ကိုယ်တိုင် ပြုလုပ်ရသဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အခက်အခဲရှိကြောင်း ဦးရဲထွန်းက ရှင်းပြသည်။
"တစ်ခုကို အာရုံစိုက်လုပ်နေရင် တခြားဟာတွေမှာ ဝင်ဆွေးနွေးချင်ပေမယ့် မဆွေးနွေးနိုင်ဘူး" ဟု ၄င်းကဆိုသည်။
ယင်းအပြင် နေပြည်တော်တွင် လွှတ်တော်တက်နေစဉ် အတွင်း မိမိမဲဆန္ဒ နယ်မှ မြေသိမ်း၊ ယာသိမ်းခြင်းကဲ့သို့သော ပြဿနာများကို တင်ပြလိုသော ပြည်သူလူထုနှင့်တွေ့ဆုံခြင်း၊ အချက်အလက် ယူထားခြင်း၊ မဲဆန္ဒနယ် လိုအပ်ချက်ပြုစုခြင်းတို့တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းဖြင့် မနိုင်မနင်းရှိပြီး လွှတ်တော်ကိုယ်စားလှယ် အများစုသည် မဲဆန္ဒနယ်နှင့် ကင်းကွာသည်ဟုပင် ဝေဖန်ခံရ လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုသို့ သွားရောက် လေ့လာထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီကမူ အမေရိကန်လွှတ်တော်အမတ်တစ်ဦးလျှင် ကိုယ်ပိုင်ဝန်ထမ်း ၁၄ ဦးခန့် ထားရှိကြောင်း၊ အချို့ဝန်ထမ်းများကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် အမတ်ဟောင်းများကို ခန့်အပ် ထားကြောင်း ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။
လွှတ်တော်ဆိုင်ရာ အစီရင်ခံစာ နှစ်ရာနီးပါးခန့်ကို စာစီရာတွင် ကွန်ပျူတာဆိုင်သို့ ကိုယ်တိုင်သွားပြီး စာဖတ်ပြရသော ဦးလှဆွေကမူ ကိုယ်ပိုင်ဝန်ထမ်းသာ ရှိပါက ယင်းကဲ့သို့ လုပ်ဆောင်ရန် မလိုအပ်ကြောင်း သူ့ဒုက္ခကို ဖွင့်ဟသည်။
မည်သို့ပင်ဆိုစေ လွှတ်တော်ကို စိတ်ဝင်စားပြီး လွှတ်တော်တွင် အလုပ်လုပ်လိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ် ဖြစ်ပြီး ဝန်ထမ်း ၄၉၈ ဦး ခေါ်ယူပါက အဆင်သင့်ဖြစ်ရန် လွှတ်တော်ဆိုင်ရာ လုပ်နည်းလုပ်ဟန်များကို ကြိုတင်လေ့လာထားရတော့မည် ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ထမ်းတစ်ဦး ထားရှိခွင့်ပြု၊ မပြုကိုမူ နောက်ထပ်ခေါ်ယူမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်တော့မည် ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်များ အလုပ်ပိုတွင်လာ တော့မည်လော။
ဉာဏ်မျိုးအောင်
No comments:
Post a Comment