Sunday, June 1, 2014

မိကျောင်းကန် သပိတ်စခန်းမှ ဒေါ်ခိုင်ခိုင်လွင်၊ ဒေါ်စန်းစန်းရီတို့နှင့် တွေ့ဆုံခြင်း

Written by  သင်းရတနာဆု၊ ဉာဏ်မျိုးအောင်

မိကျောင်းကန် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်နေသော လူအုပ်ကို နံပါတ်တုတ်နှင့် တူများ ကိုင်ဆောင်ထားသော အင်အားရာချီသည့် လူအုပ်က အတင်းတွန်းထုတ်ရာ ထိခိုက်ဒဏ်ရာ ရရှိသွား သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသော ဒေါ်ခိုင်ခိုင်လွင်နှ င့် ဒေါ်စန်းစန်းရီတို့ကို The Voice နှင့် သီးသန့်တွေ့ဆုံ မေးမြန်းထားချက်မှ ကောက်နုတ်ဖော်ပြအ ပ်ပါသည်။
 
Voice : အစ်မတို့ ဘယ်လို ဖြစ်တာလဲဆိုတာ အသေးစိ တ် ပြောပြပေးပါ။

DKKL : ဒီနေ့ လူအင်အား အယောက် ၃၀၀ လောက် ရှိတယ်။ ကျွန်မတို့က ကျွန်မတို့ အပေါက်ပိတ်မှာ စိုးလို့ ခုခံတာ။ သူတို့ကလည်း လူအင်အားနဲ့ အတင်းတွန်းတာ။ ကျွန်မ ပစ်လဲသွားတယ်။ အခု တစ်ကိုယ်လုံးဆို ကိုက်ခဲေ နတယ်။

DSSY : ကျွန်မတို့ ဖြစ်ခဲ့တာက ဘုရားရဲ့ အရှေ့ဘက်မှာ။ အဲဒီလူတွေ လာတာကို မြင်လို့ ကျွန်မတို့ အကုန်လုံးက လက်ချိတ်ပြီးတော့ အော်တာပဲ ရှိတာပါ။ အဲဒီကို သူတို့ အယောက် ၃၀၀ ကျော် လောက်က ကျွန်မတို့ကို အတင်းပိတ်ဖို့ လုပ်ပါတယ်။ အဲဒီ သွပ်ပြားတွေနဲ့ ကာတယ်။ ကာပြီးတော့ တူနဲ့ ကျွန်မတို့ကို ထုမိပါတယ်။ တူနဲ့ ထုထားတာ ကျောကုန်းတွေလည်း နာနေပါ တယ်။ ရင်ဘတ်လည်း အောင့်တယ်။ ကျောလည်း အောင့်တယ်။ သူတို့က ကျွန်မတို့ကို မတရားတွန်းပါတ ယ်။ တွန်းတော့ ကျွန်မတို့လည်း တွန်းရင်း တွန်းရင်းနဲ့ ကျောတွေကို သံတွေနဲ့ ထိုးမိပါတယ်။ တူတွေနဲ့လည်း ရိုက်ခံရပါတယ်။

Voice : အဲဒီလူတွေရဲ့ပုံစံ အသေးစိတ်ကို ပြောပြပေးပါ။

DKKL : သူတို့က ရဲတွေကိုင်တဲ့ နံပါတ်တုတ် ခေါ်မလား။ အဲဒီတုတ်ကြီးတွေ ကိုင်ထားတယ်။ ဝတ်တာက ရိုးရိုး ယူနီဖောင်းတွေ။ သူတို့ဆင်တူတွေပဲ ဝတ်ကြတာ။ စစ်အစိမ်းရောင်လား မသိဘူး။ အောက်က ဘောင်း ဘီတိုတွေနဲ့။ အပေါ်က ဝေ့စကုတ်လိုမျိုး ထပ်ဝတ်ထားတယ်။

DSSY : သူတို့မှာ ဆယ်ပေါင်တူ ရှိပါတယ်။ သူတို့အိတ်ထဲမှာ နံပါတ်တုတ်လိုမျိုးပါ ပါတယ်။ လူပုံစံတွေက ယူနီဖောင်းတွေ မဟုတ်ပါဘူး။ အဝတ်အစားတွေပါပဲ။ တစ်ယောက် တစ်ယောက် မတူကြပါဘူး။ မြင်နေကျ လူတွေ မဟုတ်ပါဘူး။

Voice : ဘယ်က လူတွေလို့ထင်လဲ။
 
DKKL : စစ်တပ်ဘက်ကပဲ၊ အကုန်လုံးက။ ဝိုင်းထား တာလည်း အကုန်လုံး စစ်တပ်ကချည်းပဲ။

Voice : အစ်မတို့ကို တွန်းတာကရော သူတို့တွေပဲ လား၊ ဘယ်သူတွေလဲ။

DKKL : သူတို့က စစ်တပ်နဲ့ အလုပ်သမားတွေ ကို ရောထားတာ။ အဲဒီ အလုပ်သမားတွေကို ကျွန်မ မေးကြည့်တာ။ နင်တို့ကို ဘယ်သူက ခိုင်းတာလဲလို့ မေးကြည့်တာ။ သူတို့ကို ဂျီးအီးတပ်က ခိုင်းတာတဲ့။ ကျွန်တော်တို့ လုပ်အားခရလို့ လုပ်တာပါလို့ ပြောတယ်။ ကျွန်မ စိတ်အထင်ပေါ့နော်။ တကယ်လို့ အလုပ်သမားတွေ ဆိုလို့ရှိရင် ဒီနံပါတ်တုတ်တွေ ကိုင်မလား၊ အလုပ်သမားတွေဆိုရင် မကိုင်ဘူး။ ကျွန်မတို့ကို လူအင်အား သုံးပြီး ဖြိုခွဲပြီးတော့ တူတို့ ဘာတို့ ကိုင်တာက အလုပ်သမားတွေ။ အရှေ့မှာလာပြီး ရပ်ပြီးတော့ ကျွန်မတို့ကို ဘုကြည့်ကြည့်ပြီး မိုက်ကြေးခွဲတာ ကျွန်မ အထင်ကတော့ စစ်တပ်ကလို့ ထင်တယ်။ တော်တော်များတယ် လူတွေ။

Voice : တခြားဒဏ်ရာရတဲ့ သူတွေ အခြေအနေကကော ဘယ်လိုရှိလဲ။

DKKL : လက်ကျိုးတဲ့သူက လက်ကျိုးတယ်။ ကျွန်မကျတော့ သူတို့ တွန်းလှဲလိုက်တော့ တစ်ကိုယ်လုံး ပစ်လဲကျသွားတာ။ လဲကျပြီး မေ့သွားတယ်။ ဆေးရုံကားနဲ့ ခေါ်လာရတယ် ပြောတယ်။ ဒီရောက်မှ သတိရတယ်။ အခု တစ်ကိုယ်လုံး ကိုင်ရိုက် ထားသလို နာနေတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူကတော့ ဆယ်ဦးရှိတယ်။ အခု ခုနစ်ဦးကတော့ ပွန်းတာပဲ့တာနဲ့ ပြန်ဆင်းသွားတယ်။ လက်ကျိုးတဲ့ သူကတော့ ဆေး ရုံက တနင်္လာနေ့ ရက်ချိန်း ပြန်ပေးလိုက်တယ် ပြောတယ်။

Voice : စစ်တပ်ကရော အစ်မတို့ ဒီလို ဖြစ်နေတာကို မြင်လား။

DSSY : စစ်တပ်ကလည်း မြင်မှာပါ။ သူတို့ ကျောနောက်လေးတင်ပါ။ စစ်သားတွေက ဘယ်လိုလုပ်လဲ ဆိုတော့ အပေါ်မှာ သစ်ရွက်လေးတွေ အုပ်ပြီးတော့ တဖြည်းဖြည်းနဲ့ လာကြပါတယ်။

Voice : လူစုကွဲသွားတာ ဘယ်လို ကွဲသွားတာလဲ။ သူ့အလိုလို ရိုက်ပြီး ပြန်သွားတာလား။

DSSY : လူစုက ဘယ်လို ကွဲသွားလဲဆိုတော့ သူတို့က ရိုက်ပြီးတော့ အနောက်ပြန်ပြေးပါတယ်။ ကျွန်မ တို့ အော်နေတဲ့ အချိန်မှာပဲ အော်တယ် ဆိုတာက ကျွန်မတို့က ကိုယ့်မြေကိုယ် ပြန်တောင်းတာပါ။ ဘာမှထွေထွေထူးထူး မအော်ပါဘူး။ သူတို့ကလည်း ရိုက်နှက်ပြီး အနောက်ပြန် ထွက်သွားပါတယ်။ အနောက်ဆိုတာက ကျွန်မတို့ အိမ်သာတက်မယ့် နေရာတွေကို အကုန်လုံးကို ဖြိုချသွားတယ်။ ဖြိုချပြီးတော့ အနောက်ဘက်ကို ပြန်တက်သွားတယ်။

သင်းရတနာစု၊ ဥာဏ်မျိုးအောင်

No comments:

Post a Comment