Written by ဥာဏ်မျိုးအောင်
နိုင်ငံရေး သိပ္ပံဆိုတာ “နိုင်ငံတော် အကြောင်း သိပ္ပံနည်းကျ
လေ့လာမှု” လို့ အဓိပ္ပါယ်ရပါတယ်။ လူသားတွေ ဖွဲ့စည်း
ထူထောင်တဲ့ အသင်းအပင်းတွေ အကြောင်း၊ အစိုးရတွေ
ဖွဲ့စည်းမှုအကြောင်း၊ အစိုးရတွေရဲ့ လုပ်ငန်း တာဝန်တွေ
အကြောင်း၊ ဥပဒေပြုရေးနဲ့ ဥပဒေ သက်ဝင်ရေး လုပ်ဆောင်မှု
အကြောင်း၊ နိုင်ငံတစ်ခုနဲ့ တစ်ခု ဆက်ဆံရေးအကြောင်းတွေကို
လေ့လာပါတယ်။ ဒါ့အပြင် နိုင်ငံတော် ဥပဒေတွေအရ လူအချင်းချင်းကြား
ဆက်ဆံရေး၊ လူတစ်ဦးချင်း သို့မဟုတ် လူတစ်စုတစ်ဖွဲ့နဲ့ အစိုးရကြား
ဆက်ဆံရေး၊ နိုင်ငံတော် အာဏာနဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်အကြား ချိန်ညှိရေးလို ပြဿနာတွေကိုလဲ လေ့လာပါတယ်။
သိပ္ပံဘာသာ ဟုတ်ရဲ့လား- နိုင်ငံရေး သိပ္ပံဘာသာရပ်ဟာ
တကယ်ကော သိပ္ပံဘာသာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ
ရှိပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သိပ္ပံစာရင်း သွင်းထားပေမယ့်
သဘာဝ သိပ္ပံဘာသာရပ် တွေဖြစ်တဲ့ နက္ခတ္တဗေဒ၊ ဓါတုဗေဒ၊
သတ္တဗေဒနဲ့ ရုက္ခဗေဒလိုမျိုး သိပ္ပံဘာသာရပ်တွေနဲ့ မတူပါဘူး။
သဘာဝ သိပ္ပံ ဘာသာရပ်တွေမှာ ဓါတ်ခွဲခန်းတွေ၊ စမ်းသပ်မှုတွေ
ကတဆင့် “တိကျမှန်ကန်မှု”ကို သက်သေပြလို့ ရပါ တယ်။ နိုင်ငံရေး
သိပ္ပံဘာသာရပ်ကတော့ အဲသလို တိတိကျကျ၊ ယတိပြတ်အဖြေမျိုး
မပေးနိုင်ပါဘူး။ ဒီ့အတွက် သိပ္ပံဘာသာရပ် မဟုတ်ဘူးလို့ ဆိုချင်လဲ
ဆိုနိုင်ပါတယ်။ ဒါပေမယ့် “သိပ္ပံ” ဆိုတာကို ဘာသာရပ်တစ်ခုနဲ့ ပတ်
သက်လို့ “စနစ်တကျ” စူးစမ်းလေ့လာမှု၊ ခွဲခြမ်းစိတ်ဖြာ အမျိုးအစားခွဲခြားမှု
ကတစ်ဆင့် ရရှိလာတဲ့ အသိပညာ ရပ်လို့ အဓိပ္ပါယ်ဖွင့်ရင်တော့
နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သိပ္ပံဘာသာရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။
စနစ်တကျ လေ့လာမှုတွေကတဆင့် ယေဘုယျ ဥပဒေသတွေ
ထုတ်ယူနိုင်ပါတယ်။ ဒီဥပဒေသတွေကိုပဲ နိုင်ငံရေး ပြဿနာတွေ
ဖြေရှင်းရာမှာ လက်တွေ့ သုံးနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေး သိပ္ပံဟာ
သိပ္ပံဘာသာရပ် စာရင်း ၀င်ပါတယ်။
လူမှုသိပ္ပံနဲ့ ဆက်နွှယ်မှု- လူဟာ ပေါင်းသင်း ဆက်ဆံတတ်တဲ့
သတ္တ၀ါ ဖြစ်တယ်။ လူသားရဲ့ လူမှုလုပ်ငန်း ဆောင်တာ အားလုံးကို
အပိုင်းလိုက် ခွဲလေ့လာတာလဲ ရှိတယ်။ တစ်စုတပေါင်းတည်း
လေ့လာတာလဲ ရှိပါ တယ်။ လူမှုသိပ္ပံ ဘာသာရပ်ကတော့
လူမှုဘ၀နဲ့ သက်ဆိုင်သမျှ အချက်အလက်၊ ဥပဒေသအားလုံးကို
တစ်စု တစ်စည်းတည်း လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။
လူမှုဆက်ဆံရေးကို လေ့လာတဲ့အခါမှာလဲ ကုန်သွယ်မှု ဆက်ဆံရေး၊
ဘာသာရေးဆိုင်ရာ ဆက်နွှယ်မှုကနေ မိသားစုတစ်စုအတွင်း
ဆက်ဆံရေးအထိ လေ့လာတာမျိုး ပါ။ နိုင်ငံရေး သိပ္ပံကတော့
လူမှုဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တဲ့ လူသားရဲ့
နိုင်ငံရေးဘ၀ကိုပဲ အထူးပြု ဇောင်းပေးလေ့လာတဲ့ သိပ္ပံဘာသာရပ်
ဖြစ်ပါတယ်။ ဘာသာရပ်နှစ်ခုကြားမှာ အပြန်အလှန်အကျိုးပြုတာမျိုး
ရှိပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ကြောင့် နိုင်ငံတော်တွေ
ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံတွေ လိုမျိုး အချက်
အလက်တွေ သိရှိလာသလို လူမှုသိပ္ပံ ဘာသာရပ်ကြောင့် လူဟာ
နိုင်ငံရေးသတ္တ၀ါ ဘယ်လို ဖြစ် လာရတာလဲ၊ နိုင်ငံရေးဆိုင်ရာ
အဆောက်အအုံတွေရဲ့ မူလဇာစ်မြစ်က ဘာတွေလဲ ဆိုတာကို
သိရှိလာရပါ တယ်။
မနုဿဗေဒနဲ့ ဆက်နွှယ်မှု- မနုဿဗေဒ ဘာသာရပ်က လူသားတွေရဲ့
ရုပ်သွင်လက္ခဏာ၊ သမိုင်းဆိုင်ရာနဲ့ ပထ ၀ီအရ ဖြန့်ကျက်တည်ရှိမှု၊
လူမျိုးရေးအရ ကွဲပြားခြားနားမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖြစ်
ထွန်းမှုလိုမျိုးတွေ ကို လေ့လာပါတယ်။ သမိုင်းခေတ်ဦး လူသားတွေရဲ့
အတွေးအခေါ်၊ ဓလေ့ထုံးတမ်းနဲ့ အဖွဲ့အစည်းပုံစံတွေကို မနုဿဗေဒ ပညာရပ်အရ လေ့လာခြင်းအားဖြင့် နိုင်ငံတော်တွေ ပေါ်ထွန်းလာပုံ
ဇာစ်မြစ်နဲ့ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ၊ နိုင်ငံရေးဆိုင်ရာ
အဆောက်အအုံတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံကို သိရှိလာပါတယ်။
သမိုင်းနဲ့ ဆက်နွှယ်မှု- သမိုင်းဆိုတာ အတိတ်ကာလတုန်းက ဖြစ်ပျက်
ခဲ့တဲ့ ဖြစ်ရပ်တွေ၊ အကြောင်းတရားတွေ၊ နှီးနွှယ်ဆက်စပ်မှုတွေကို
မှတ်တမ်းတင်ထားတာပါ။ နိုင်ငံရေး သိပ္ပံပညာရှင်တွေက သမိုင်းကို
နိုင်ငံရေး သိပ္ပံဘာ သာရပ် လေ့လာရေးမှာ အသုံးချစရာ ကုန်ကြမ်း
အဖြစ် မြင်တတ်ကြပါတယ်။ သမိုင်းပညာရှင်တွေကျပြန်တော့ နိုင်ငံရေး
သိပ္ပံဆိုတာ သမိုင်းဘာသာရပ်က ဆင်းသက်လာရတာလို့ မြင်တတ်
ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ် ခုလုံးက အပြန်အလှန်အကျိုးပြု
နေကြပါတယ်။ နိုင်ငံရေးဆိုင်ရာ အဆောက်အအုံတွေ ဘယ်လိုမျိုး
ဖြစ်ထွန်းတိုး တက်လာရသလဲ ဆိုတာမျိုးကို သမိုင်းနောက်ခံထား
လေ့လာမှပဲ သဘောပေါက်နိုင်ပါတယ်။ သမိုင်းအချက်အ လက်တွေကို ရွေးထုတ်ပြီး ရှေ့နောက်ညီညွှတ်အောင် ပေါင်း
စပ်ပေးခြင်းအားဖြင့် နိုင်ငံရေး သိပ္ပံဘာသာရပ်ရဲ့ ဥပဒေသတွေ၊
နိယာမ အကြောင်းတရားတွေကို ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ပါမောက္ခတစ်ယောက် ပြောတာက- နိုင်ငံရေး သိပ္ပံဆိုတာ သမိုင်းရဲ့
အသီးအပွင့်ပဲ။ သမိုင်းဆိုတာ နိုင်ငံရေး သိပ္ပံရဲ့ ရေသောက်မြစ်ပဲ။
ဘောဂဗေဒနဲ့ ဆက်နွှယ်မှု- နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်က
နိုင်ငံတစ်နိုင်ငံကို ချမ်းသာကြွယ်ဝအောင်၊ အင် အားတောင့်တင်း
လာအောင်၊ အခွန်ငွေရအောင် ဘယ်လို နည်းလမ်းတွေ
ကျင့်သုံးသင့်သလဲ ဆိုတာကို လေ့ လာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့
တရားဥပဒေတွေဆိုရင် ပစ္စည်းဥစ္စာပိုင်ခွင့်၊ စာချုပ်စာတမ်းနဲ့ ကော်ပို ရိတ်လိုမျိုး ပြဿနာရပ်တွေကို ဖြေရှင်းပေးရသလို နိုင်ငံတကာ
ဆက်ဆံရေးမှာဆိုရင် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဟာ
အရေးကြီးပါတယ်။ အခွန်ကောက်ခံမှု၊ ငွေကြေးနဲ့ အစိုးရ စက်ရုံလိုမျိုး လေ့လာတာဟာ နိုင်ငံရေး ဘောဂဗေဒနဲ့ရော
နိုင်ငံရေးသိပ္ပံနဲ့ပါ စပ်ဆိုင်တဲ့ နယ်ပယ်တွေ ဖြစ်ပါတယ်။
ဘောဂဗေဒ ဘာသာရပ်ကတော့ ဒါဟာ ဓနဥစ္စာနဲ့ ပတ်သက်လို့
လူတွေရဲ့ ပြုမှုဆောင်ရွက်ပုံတွေထဲကမှ အစိတ်အပိုင်းတစ်ခုအဖြစ်
သဘောထားပါတယ်။ နိုင်ငံ ရေး သိပ္ပံဘာသာရပ်ကတော့ ဒါကို
အစိုးရ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတစ်ခုလို့
သဘောထားပါတယ်။
စိတ်ပညာနဲ့ ဆက်နွှယ်မှု- ခေတ်သစ် နိုင်ငံရေးသိပ္ပံ စာရေးဆရာ
တွေဟာ နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်တွေကို စိတ် ပညာဆိုင်ရာ
ဥပဒေသတွေ သုံးပြီးတော့ ရှင်းပြတာမျိုး လုပ်လာပါတယ်။
နိုင်ငံတော်တွေ ဒီမိုကရက်တစ် ဆန်လာတာနဲ့အမျှ ပြည်သူလူထုရဲ့
အမြင်ဟာ နိုင်ငံတော်အပေါ် လွှမ်းမိုးလာပါတယ်။ ၀ါဒဖြန့်ချိန်ရေး
နည်းမျိုးစုံနဲ့ ပြည်သူလူထုအမြင်ကို လွှမ်းမိုးပုံဖော်ဖို့ ကြိုးစားတာမျိုးတွေ
ဟာ လေ့လာစရာ ဖြစ်လာပါတယ်။
အထက်က ဆက်နွှယ်မှုတွေဟာ ဥပမာအချို့ပဲ ဖြစ်ပါတယ်။
တခြားသော ကိုယ်ကျင့်တရား ပညာလိုမျိုး တခြားသော ဘာသာ
ရပ်တွေနဲ့ ဆက်နွှယ်မှုတွေလဲ အများကြီး ကျန်ပါသေးတယ်။ ဒါဟာ
နိုင်ငံရေးသိပ္ပံ မိတ်ဆက်ပါ။
No comments:
Post a Comment