“အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး…ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေကို အစိုးရ
သတင်းစာတွေထဲမှာလဲ ခဏ ခဏ ဖတ်ဖူးပါလိမ့်မယ်။ ရုပ်မြင်သံကြားကြည့်သူ၊ ဗီဒီယိုခွေ
ကြည့်သူတွေလဲ ဇာတ်ကားမကြည့်ခင် ဒီစာသားကို ရစ်ကြည့် ရတာမို့ နားယဉ်ပါးပြီး ဖြစ်ပါ
လိမ့်မယ်။ ဒီအယူအဆကို အခြေခံပြီးတော့ပဲ အချုပ်အခြာအာဏာကို ပြည်တွင်းပြည်ပ ရန်သူ
တွေကနေ ကာကွယ်ဖို့အတွက် စစ်တပ်ဟာ အရပ်သားအစိုးရတာဝန်တွေကို ယူနေရပါတယ်
ဆိုတဲ့ အကြောင်းပြချက်ကို တည်ဆောက်ထားပါတယ်။ ဒီအကြောင်းပြချက်နဲ့ပဲ စစ်အာဏာရှင်
အစိုးရဟာ ဗမာနိုင်ငံကို ဆယ်စုနှစ်ချီကြာအောင် လွှမ်းမိုးထားခဲ့ပါတယ်။ ဒီဆောင်းပါးမှာ
ကျွန်တော် သုံးသပ်ပြချင်တာက အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်က ဘာလဲ။ စစ်အစိုးရက
အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်မှန်ကို သဘောပေါက်ရဲ့လားနဲ့ အချုပ်အခြာအာဏာကို
စစ်အစိုးရက အမှန်တကယ် ကာကွယ်ပေးနိုင်သလား ဆိုတာပါပဲ။
အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်ကို သမိုင်းနောက်ခံအခြေအနေကို
လိုက်ပြီးတော့ ခေတ်အဆက်
ဆက်မှာ အမျိုးမျိုး ဖွင့်ဆို ခဲ့ကြပါတယ်။ သက်ဦးဆံပိုင်စနစ်(Monarchy)
ကြီးစိုးခဲ့တဲ့ ကာလတွေတုန်းက
ဘုရင်တစ်ဦးတည်းကပဲ အချုပ်အခြာအာ ဏာကို ပိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
“ငါက နိုင်ငံတော်ပဲ
(I am the state.)”လို့ အနောက်တိုင်း သမိုင်းထဲမှာ ဖတ်ရတဲ့ ဘုရင်တစ်ပါးရဲ့
ပြောကြားချက်က
ဒီသဘောကို ရည်ညွှန်းတာပါပဲ။ ဗမာနိုင်ငံရဲ့ သက်ဦးဆံပိုင်ခေတ်ကို ပြန်ကြည့်ရင်လဲ
“ရေမြေ့အရှင်”
ဆိုတဲ့ စကားက ဘုရင်ရဲ့သြဇာအာဏာဟာ အကန့်အသတ်မဲ့ဆိုတဲ့ သဘောကို ဆောင်နေပါတယ်။
ဒီတော့ သက်ဦးဆံပိုင်စနစ်မှာ အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်က ဘုရင်တစ်ပါးတည်းကပဲ ဥပဒေတွေ၊
အမိန့်တွေကို ထုတ်နိုင်တယ်။ ဒီဥပဒေတွေ၊ အမိန့်တွေကို နိုင်ငံထဲက ပြည်သူလူထုက စောဒက
မတက်ဘဲ နာခံရမယ်။ မလိုက်နာသူတွေကို ဘုရင်က ရဲမက်အင်အားသုံးပြီး ဖမ်းဆီးအပြစ်ပေးနိုင်တယ်
လို့
ဆိုလိုပါတယ်။
သမိုင်းခေတ်တွေ ပြောင်းလဲလာတဲ့အခါ ဒီအယူအဆကို ပြည်သူလူထုက
လက်မခံချင်တော့ပါဘူး။
ဘုရင့်အာဏာဆိုတာက ဘုရင်က မွေးတဲ့ ဘုရင့်သားသာ ရပိုင်ခွင့်ရှိတယ်ဆိုတဲ့
မျိုးရိုးဆက်ခံမှုအာဏာ
မဟုတ်လား။ လူထုက ရွေးကောက်တင် မြှောက်တာ မဟုတ်တဲ့အတွက် လူထုအပေါ်ကို
ဘာတာဝန်
ယူမှု၊ ဘာတာဝန်ခံမှုမှ မရှိပါဘူး။ ပိုဆိုးတာက မျိုးရိုးအရ ဘုရင့်သားဖြစ်လို့
ဘုရင့်အာဏာပေးတဲ့
အစဉ်အလာရဲ့ အားနည်းချက်က ဘုရင့်သားဟာ လူပေါတစ်ယောက်၊ စိတ်မနှံ့တဲ့သူ
တစ်ယောက်
ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ နန်းတွင်းထဲမှာတင် အထိန်းတော်တွေရဲ့ လက်အောက်မှာ
ကြီးပြင်းလာပြီး
လူရေးလူရာ၊ တိုင်းရေးပြည်ရာကို ဘာမှ နားမလည်တဲ့ ဆန်ကုန်မြေလေး ဖြစ်နေရင်
ဘယ်လိုလုပ်မလဲ။
ဒီမှာတင် သမိုင်းခေတ်ဖြစ်ရပ်တွေ ပြောင်းလဲလာပြီး အယူအဆသစ်တွေ ပေါ်လာပါတယ်။
ဒီဘက်ခေတ်မှာတော့ ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ အချုပ်အခြာအာဏာ
အယူအဆ
ထွန်းကားနေပါတယ်။ အဲဒါကတော့ အချုပ်အခြာအာဏာကို လူထုက ပိုင်တယ်၊ အချုပ်အခြာအာဏာရဲ့
ပိုင်ရှင်အစစ်ဟာ လူထုပဲဆိုတဲ့ လူထုပိုင်အချုပ်အခြာအာဏာ (Popular Sovereignty) အယူအဆပါပဲ။
ဒီသဘောကို ရှင်းဖို့အတွက် အချုပ်အခြာအာ ဏာကို နှစ်မျိုးခွဲပြီးတော့ ပြောလိုပါတယ်။ ပထမတစ်မျိုးကတော့
အချုပ်အခြာအာဏာဆိုတာ နိုင်ငံတွင်းမှာ နေထိုင်တဲ့ လူထုရဲ့ လိုလားချက်တွေ၊ လူထုရဲ့ဆန္ဒသဘော
ထားတွေလို့
အဓိပ္ပါယ်ဖွင့်တဲ့ နိုင်ငံရေး အချုပ်အခြာအာဏာ (Political Sovereignty)ပါ။ ဒုတိယအချက်
ကတော့
ဒီလူထုရဲ့ လိုလားချက်တွေ၊ သဘောဆန္ဒတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေကို ပြဌာန်းပြီး အစိုးရက
အုပ်ချုပ်တာလို့ အဓိပ္ပါယ်ဖွင့်တဲ့ ဥပဒေကျင့်သုံးခွင့် အချုပ်အခြာအာဏာ (Legal
Sovereignty)ပါ။ ဒီအချက်
နှစ်ချက်နဲ့ ကိုက်ညီရင် အချုပ်အခြာအာဏာကို လူထုက ပိုင်တယ်လို့
ဆိုနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဟာ အထက်ကဆိုခဲ့တဲ့ လူထုပိုင်
အချုပ်အခြာအာဏာကို လွတ်လွတ်လပ်လပ်
ကျင့်သုံးနိုင်တယ်ဆိုရင်ပဲ ပြည်ပနှောက်ယှက်မှု၊
ပြည်ပသြဇာလောင်းရိပ်အောက်က လွတ်ကင်းတဲ့
လွတ်လပ်တဲ့နိုင်ငံလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်
ဗမာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ပြန်ကြည့်မယ်ဆိုရင်
စစ်အာဏာရှင်ကြီးစိုးခဲ့တဲ့ ကာလတစ်လျှောက်မှာရော
ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင်အစိုးရ
ကြီးစိုးနေတဲ့ ကနေ့ခေတ်မှာပါ လူထုပိုင် အချုပ်အခြာအာဏာ
ဆိုတာ မရှိခဲ့ပါဘူး။ လူထုရဲ့ ဆန္ဒတွေ ၊
လိုလားချက်တွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ခဲ့ပြီး
စစ်အာဏာရှင်အုပ်စုရဲ့ အလိုကျ ဥပဒေတွေ ပြဌာန်း၊ အမိန့်တွေ
ထုတ်ပြီးတော့ အုပ်ချုပ်ခဲ့တာပါ။
သက်ဦးဆံပိုင်စနစ်က အဆိုအမိန့်နည်းတူ ပြောရရင် “စစ်တပ်က
နိုင်ငံတော်ပဲ (Military
is the state.)” ဆိုတဲ့ သဘောတရားနဲ့ အုပ်ချုပ်ခဲ့တာပါ။
ဒီတော့ အကျိုးအဆက်က နိုင်ငံရဲ့ စီးပွားရေးအဆင့်အတန်းက တခြားနိုင်ငံတွေနဲ့
ယှဉ်ရင် “အမွဲတကာ့
ထွဋ်ခေါင်၊
ဖွတ်မင်းနောင်” ဖြစ်ခဲ့ရပါတယ်။ ပညာရေးကို ကြည့်မယ်ဆိုရင်လဲ “ဓါးမနောက်ပိတ် ခွေး”
ဖြစ်ကျန်ခဲ့ပါတယ်။
အလားတူပဲ တခြားကဏ္ဍတွေမှာလည်းပဲ အောက်ကျ နောက်ကျ ဖြစ်ခဲ့ရပါတယ်။
ဆိုချင်တာက နိုင်ငံတော်ရဲ့
အင်အားဟာ ချိနဲ့လာပါတယ်။ စစ်အစိုးရဟာ နိုင်ငံတွင်းမှာ ဘယ်လောက်ပဲ ဗိုလ်ကျကြီးစိုးနိုင်ပါစေ
နိုင်ငံတကာဆက်ဆံရေးမှာတော့ နိုင်ငံတော်ရဲ့ အင် အားတောင့်တင်းမှု၊ ဒီမိုကရက်
တစ်ဆန်မှုဟာ
အခရာ ကျလာပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ဗမာစစ်အစိုးရရဲ့ မှီခိုစရာကတော့
တရုတ်နိုင်ငံပါပဲ။
ရှေးခေတ်ကနေ ကနေ့ခေတ်အထိ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေကို
ပဏ္ဏာဆက်-ဆက်ဆံရေး
(Tributary Relatioships)အရ ဆက်ဆံတဲ့ ပဏ္တာဆက်နိုင်ငံတွေလို့ပဲ
သဘောထားတာပါ။ တရုတ်နိုင်ငံ
ဟာ ကမ္ဘာ့အလယ်မှာ ရှိတယ်။ တရုတ်ဟာ တစ်ကမ္ဘာလုံးရဲ့ တစ်ခုတည်းသော
အချုပ်အခြာ အာဏာ
ပိုင်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ တရုတ်ဗဟိုပြုအမြင် (Sino-centric View)ဟာ
တရုတ်တွေရဲ့ အတွေးအခေါ်မှာ အမြစ်တွယ်နေပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုး
မုန်းတီးရေးကို ကျွန်တော် ပြောနေတာ
မဟုတ်ပါဘူး။ စီးပွားရေးနဲ့ စစ်အင်အားတောင့်တင်းတဲ့
တရုတ်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ
အထက်စီးယူဆက်ဆံတာ မဆန်းပါဘူး။ ဒါပေမယ့် နိုင်ငံတွင်းက
လူထုရဲ့ ဆန္ဒတွေကို လစ်လျူရှု ဗိုလ်ကျကြီးစိုးခဲ့ပြီး နိုင်ငံတော်အင်အားချိနဲ့နေတဲ့
စစ်အစိုးရကတော့ နိုင်ငံတကာဆက်ဆံရေးမှာ
အနှိမ်ခံရပါတော့တယ်။
ဒီတော့ တရုတ်အလိုကျ မျက်နှာချိုသွေးပြီး ဆက်ဆံရတာတွေကို
စစ်အာဏာရှင်အစိုးရက တစ်လျှောက်လုံး
လုပ်ပြခဲ့ရ ပါတယ်။ ဒီဘက်ခေတ် ဒီမိုကရေစီအသွင်ဆောင်
စစ်အာဏာရှင်အစိုးရ လက်ထက်မှာလဲ
ဒီအပြုအမူတွေ ရှိနေဆဲပါပဲ။ ဗမာနိုင်ငံတွင်းက သစ်ကို
ခိုးခုတ်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်
ထားတဲ့ တရုတ်နိုင်ငံသား တစ်ရာ့ငါးဆယ်ကျော်
ကို တစ်ပတ်အတွင်းမှာပဲ သမ္မတသိန်းစိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဗမာနိုင်ငံသားတွေဟာ
ပြည်သူပိုင် ရင်းမြစ်ကို ခိုးတာကိုရော၊ တခြားနိုင်ငံ
သားက ကျူးကျူးကျော်ကျော်လုပ်ပြီး
လွတ်မြောက်သွားတာကိုပါ မလိုလားပါဘူး။ ဒါပေမယ့် အစိုးရ ကတော့ ပြည်သူလူထုရဲ့ဆန္ဒကို ဘေးချိတ်ပြီးတော့
လွှတ်ပေးလိုက်ပါတယ်။
ဒါဟာ ဗမာနိုင်ငံမှာ လူထုပိုင် အချုပ်အခြာအာဏာ မရှိဘူး၊
အချုပ်အခြာအာဏာကို တစ်ခြားနိုင်ငံ
တစ်ခုက သွယ်ဝိုက်ဖိ အားပေးပြီး ထိပါးနှောက်ယှက်နိုင်တယ်ဆိုတဲ့
သဘောသက်ရောက်ပါတယ်။
အချုပ်ပြောရရင် ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင် အစိုးရဟာ ဗမာနိုင်ငံရဲ့
အချုပ်အခြာ
အာဏာကို ကာကွယ်သူ မဟုတ်ပါဘူး။ အချုပ်အခြာအာဏာကို ချိုးဖောက်နေသူသာ ဖြစ်ပါကြောင်း။ ။
Ref-
(1) Political Science By Raymond Garfield Gettell
(2) World Order By Henry Kissinger
No comments:
Post a Comment