Written by ဆွေသက်ဇော်
အရင်အပတ်က ဆောင်းပါးမှာ “ပညာလေ့လာသူတို့ ရပ်ဝန်း” ဖြစ်ဖို့ “Facilitator”မှာ
ရှိရမယ့် “attitudes”တွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့
လေ့လာသူတွေမှာ ရှိရမယ့် “attitudes”တွေကို ဆွေးနွေးသွားပါမယ်။ လူသားဆန်တဲ့
ပညာရေးမှာ facilitatorဟာ စစ်မှန်ရိုးသားခြင်း၊ လေ့လာသူကို လေးစားခြင်း၊
လေ့လာသူတွေကို အမှန်တကယ် နားလည်မှုရှိလာခြင်း အစရှိတဲ့ attitudesတွေ
ထားရှိလာမယ်။ အစဉ်အလာ ပညာရေးနဲ့သာ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ လေ့လာသူတွေဟာ
အစ ပထမမှာတော့ Facilitatorရဲ့ ပြောင်းလဲလာတဲ့ attitudesတွေကို ဟန်ဆောင်
နေတယ်လို့ ထင်ပါလိမ့်မယ်။ ဒါကြောင့် လေ့လာသူတွေအနေနဲ့ ထားရှိရမယ့်
attitudeကတော့ facilitatorရဲ့ ပြောင်းလဲလာတဲ့ attitudesတွေကို “သိမြင်နားလည်ခြင်း”
(perception) ရှိဖို့ပါပဲ။ အဲဒီလို သိမြင်နားလည်လာမှသာ လေ့လာသူတွေ အ
ရိုးစွဲလာတဲ့ အစဉ်အလာပညာရေး attitudesတွေကို ပြောင်းလဲဖို့ ကြိုးစားလာနိုင်မှာပါ။
လေ့လာသူတွေအနေနဲ့ အမှန်တကယ် လေ့လာခြင်းပြုဖို့ဆိုရင် ကြုံတွေ့လာရတဲ့
အခြေအနေတစ်ရပ်ကို ပြဿနာတစ်ခု အဖြစ် ရှု့မြင်မှသာ ဖြစ်နိုင်ပါတယ် (awareness
of a problem)။ အဲဒီပြဿနာဟာလည်း
လေ့လာသူတွေရဲ့ ဘ၀မှာ အမှန်တကယ်
ကြုံတွေ့ရနိုင်တာမျိုး ဖြစ်သင့်ပါတယ်။
ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ကို
ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆိုင်တာတွေ၊ လကမ္ဘာပေါ် အသက်ရှင်နိုင်ဖို့ အကြောင်းတွေ
သွားပြောရင် ဆီလျော်မှု
မရှိသလို အဓိပ္ပါယ်လည်း ပြည့်ဝမှာ မဟုတ်တော့ပါဘူး။
ဒါ့ကြောင့် အမှန်တကယ်
လေ့လာခြင်းဖြစ်အောင် ပံ့ပိုးပေးဖို့ဆိုရင် လေ့လာသူတွေကို
သူတို့ဘ၀နဲ့ ဆီလျော်တဲ့ ၊
အဓိပ္ပါယ်ရှိတဲ့ တကယ့်ပြဿနာတွေနဲ့သာ ချဉ်းကပ်ကူညီ
ပေးသင့်တယ်။
ဒီနေရာမှာ
မေးခွန်းထုတ်စရာ ရှိတာက အဲဒီလို ပြဿနာတွေနဲ့ ကြုံတိုင်းကော လေ့လာသူဟာ
ဖြေရှင်းဖို့
စိတ်ဝင်စားပါ့မလား။ လစ်လျူရှု၊ ရှောင်ဖယ်မသွားနိုင်ဘူးလား။ လူသားတိုင်းဟာ
ပင်ကိုယ်သဘာဝအားဖြင့် လေ့လာခြင်းအတွက် စေ့ဆော်အား “motivation”ရှိပါတယ်။
လူသားဆန်တဲ့ ပညာရေးမှာ ဖွင့်ဆိုတဲ့
“စေ့ဆော်အား”ဆိုတာ မိမိရဲ့ “self”ကို အမှန်တကယ်
သိရှိနားလည်ချင်တဲ့
စိတ်တိမ်းညွှတ်မှုပဲ။ ဒီနေရာမှာ “self”ဆိုတာက “မိမိကိုယ်ပိုင်
ဝိသေသလက္ခဏာတွေလို့ ရှု့မြင်ထားမှုတွေ၊ မိမိနဲ့ တခြားသူတွေကြား ဆက်နွှယ်မှုအပေါ်
ရှုမြင်ထားမှုတွေ၊ နောက်ပြီး ဒီရှုမြင်ထားမှုတွေနဲ့အတူ တွဲပါလာတဲ့ တန်ဖိုးထားမှုတွေ၊
ယုံကြည်မှုတွေ အားလုံးပေါင်းစပ် ဖွဲ့စည်းထားတဲ့ ရှေ့နောက်ညီညွှတ်သော အယူအဆ
ဆိုင်ရာ အစုအဝေးတစ်ခုလုံး”ကို ပြောတာပါ။ လူသားတွေဟာ ပင်ကိုယ်သဘာဝအရကို
မိမိရဲ့”self”ကို အမှန်တကယ် သိရှိနားလည်ချင်စိတ်
ရှိတဲ့အတွက်ကြောင့်မို့ လေ့လာဖို့
စေ့ဆော်အား ရှိပြီးသားလို့ ပြောတာပါ။ ဒါဖြင့် လေ့လာသူတိုင်းက
ဘာဖြစ်လို့ စေ့ဆော်အား မကောင်းတာလဲလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။
လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေ
မပြည့်ဝ ဘဲ ဖြိုခွဲဖျက်စီးခံရလို့ပါ။ ဥပမာပေးရရင်
ချစ်ခြင်းမေတ္တာ၊ လုံခြုံမှု၊ လွတ်လပ်ခွင့်တို့ပါ။
လူသားတစ်ယောက်ရဲ့
အခြေခံ လိုအပ်ချက်တွေ မပြည့်ဝတော့ရင် “threat”ရလာနိုင်ပါတယ်။
ဒီနေရာမှာ “threat”ဆိုတာကို မိမိတည်ဆောက်ထားတဲ့ “self”နဲ့ အမှန်တကယ်
ကြုံတွေ့
လာရတဲ့ အတွေ့အကြုံတို့ကြား ကွာခြားမှုရှိတဲ့အခါ ဖြစ်ပေါ်လာတဲ့ အခြေအနေလို့ ပြောပါ
တယ်။ ဥပမာတစ်ခု ပေးကြည့်ပါမယ်။ လေ့လာသူဟာ
သူ့ရဲ့ “self”မှာ သင်ရိုးညွှန်းတမ်းထဲ
ပါတဲ့အတိုင်း အလွတ်ကျက်ပြီး စာမေးပွဲဖြေရခြင်းဆိုတာ
အင်မတန် အဓိပ္ပါယ်ကင်းမဲ့တယ်
ဆိုတဲ့ ရှုမြင်မှုကို
တည်ဆောက်ထားတယ်။ တကယ် သူ ကြုံရတာက အဲဒီလို
သင်ရိုး
ညွှန်းတမ်းနဲ့အညီ အလွတ်ကျက် ဖြေမှသာ စာမေးပွဲအောင်မယ်ဆိုတဲ့
အနေအထားတစ်ခု။
ဆိုတော့ သူ တည်ဆောက်ထားတဲ့ “self”နဲ့ ကြုံရတဲ့ အခြေအနေကြား ကွာခြားမှု
အဲဒီအခါ “threat” ရလာပါတော့တယ်။ အဲဒီလို “threat”ရလာရင်
လူသားရဲ့
ပင်ကိုယ်လေ့လာချင်တဲ့ စိတ်တိမ်းညွှတ်မှုလေးဟာ အဖိနှိပ်ခံဘ၀ကို
ရောက်ရှိသွားပါ
တော့တယ်။ အစဉ်အလာ ပညာရေးမှာက လူသားရဲ့ ပင်ကိုယ်လေ့လာချင်စိတ်
တိမ်းညွှတ်မှုကို အားမပေးဘဲ “threat” တွေ ကိုသာ ရစေပါတယ်။ Facilitator
ကနေပြီး လူသားဆန်တဲ့ attitudesတွေ ထားရှိခြင်းအားဖြင့်
လေ့လာသူတွေ
ကြုံလာရတဲ့ “threat”တွေ လျော့နည်းလာပါမယ်။ အဲဒီအခါ
လေ့လာသူတွေမှာ
ပင်ကိုယ်သဘာဝ ရှိပြီးသား လေ့ လာခြင်းအတွက် စေ့ဆော်အားတွေဟာ
ပြည်လည်အားကောင်းလာမှာ မလွဲပါ။
၁။ စာသင်ခန်းတွင်း လွတ်လပ်မှုကို
တည်ဆောက်ခြင်း
ပထမဆုံးအနေနဲ့ကတော့ တကယ့် အစစ်အမှန်အဖြစ် နားလည်လက်ခံထားတဲ့ ပြဿနာတွေပေါ်
အခြေခံပြီး လွတ်လပ်မှု
ကို တည်ဆောက်ယူရပါမယ်။ အစဉ်အလာ ပညာရေးမှာတော့
လေ့လာသူတွေကို လက်တွေ့ဘ၀က တကယ့် ပြဿနာ တွေနဲ့ စည်းခြားထားပါတယ်။ ဥပမာပေးရရင် မြန်မာပြည်က ဆေးကျောင်းတွေမှာ ကာကွယ်ရေးနဲ့
လူမှုရေးဆေးပညာ
ဘာသာရပ်ကို ပြဌာန်းထားပါတယ်။ အဲဒီပြဌာန်းစာအုပ်မှာ
GDPနိမ့်တဲ့ နိုင်ငံတွေကို
ဥပမာပေးတဲ့အခါ အီသီယိုးပီးယား ပါပေမယ့် မြန်မာနိုင်ငံ မပါဘူး ဖြစ်နေတယ်။
ဒါဟာ လက်တွေ့ဘ၀က တကယ့်ပြဿနာတွေနဲ့ လေ့လာသူတွေကြား
စည်းခြား
ထားခြင်းတွေထဲက တစ်ခုပါ။ လေ့လာသူတွေဟာ တကယ့် ပြဿနာတွေကို
တွေ့ကြုံရင်ဆိုင် ဖြေရှင်းဖို့ လွတ်လပ်စွာ လေ့လာနိုင်မှသာ တာဝန်ယူနိုင်သော
လူသားတွေ ဖြစ်လာမှာပါ။ အဲဒီလို မဟုတ်ဘဲ ဇာပုဝါခြားလို့ ကန့်လန့် ကာအတွင်း
ကသာ လေ့လာခဲ့ရရင်
တကယ့် လက်တွေ့ဘ၀ရောက်တဲ့အခါ ဘယ်လိုလုပ်ပြီး
တာဝန်ယူနိုင်သူတွေ ဖြစ်တော့မလဲ။ အစဉ်ပြောင်းလဲနေတဲ့ ခေတ်သစ်ကမ္ဘာမှာ
တကယ့် ပြဿနာတွေကို သင်ရိုးညွှန်းတမ်းရေးဆွဲသူတွေက
ကြိုတင်ပြဌာန်းထားလို့
မရပါဘူး။ တကယ့် ပြဿနာတွေဆိုတာ တကယ် လေ့လာမယ့်သူတွေဆီကပဲ
ဆင်းသက်လာတာ ပါ။ လေ့လာသူတွေဆီက
လာတဲ့ ဒီပြဿနာတွေကို Facilitatorက
သိအောင် အားထုတ်ရပါတယ်။
Facilitator ကျွမ်းကျင်တဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့
ပြဿနာတွေကို တုံ့ပြန်ကူညီပေးရပါတယ်။
လေ့လာသူတွေ ကြုံတွေ့လာရတဲ့ တကယ့် ပြဿနာတွေကို ဖြေရှင်းနိုင်အောင် လေ့လာခြင်း
ပြုလုပ်ဖို့
Facilitatorကနေပြီး အရင်းအမြစ်တွေနဲ့ ပံ့ပိုးပေးရပါတယ်
(Providing Resources)။
အစဉ်အလာ ပညာရေးမှာလို သင်ရိုးက ပြဌာန်းထားတဲ့ အတိုင်း အချိန်မီပြီးအောင်
လေ့လာသူတွေ လိုချင်တာရော မလိုချင်တာရော၊ လိုအပ်တာရော၊ မလိုအပ်တာရော
အကုန်လုံးကို တွန်းမပေးပါဘူး။
အဲဒီအတွက် အစဉ်အလာ ပညာရေးမှာလို လက်ချာပေးဖို့
ပြင်ဆင်ရတဲ့ အချိန်တွေ ကုန်မယ့်အစား လေ့လာသူတွေ လိုအပ်ချက်နဲ့ ကိုက်ညီတာတွေကိုပဲ
အလွယ်တကူ ပေးနိုင်အောင် အားထုတ်ပါတယ်။ ပညာရပ်ဆိုင်ရာ
အရင်းအမြစ်လို့
ပြောလိုက်ရင် စာအုပ်တွေ၊ ဆောင်းပါးတွေ၊ ဓါတ်ခွဲခန်းတွေ၊ မြေပုံတွေ၊
မှတ်တမ်းတွေ
အစရှိသည်ဖြင့် အများကြီးပေါ့လေ။ တကယ် အရေးကြီးဆုံးကတော့
လူသားအရင်း
အမြစ်ဖြစ်တဲ့ Facilitatorပါ။ ကျန်တာတွေက လိုအပ်လာတဲ့အခါ ယူသုံးဖို့ပါ။
Facilitatorက
အရေးကြီးဆုံး ဆိုပေမယ့် သူသိထားတာတွေ၊ သူ့အတွေ့အကြုံတွေကို
လက်ချာတွေကနေ
ဇွတ်အတင်းပေးဖို့ ကြိုးစားလို့ မဖြစ်နိုင်ပါဘူး။ Carl Rogersကတော့ အခုလို
ပြောသွားပါတယ်။
“ကျွန်တော်တို့ ဟာ ပြဌာန်းထားတဲ့ သင်ရိုးတွေ၊
လက်ချာတွေ၊ စာမေးပွဲတွေအပေါ်မှာ
အခု ဖြုန်းတီးနေတဲ့ အချိန်တွေနဲ့ တူညီတဲ့ အချိန်လောက်
သုံးရင်ကိုပဲ လေ့လာသူတွေကို
ပညာရပ်ဝန်းတစ်ခု ဖန်တီးပေးလို့ ရပါတယ်။
အဲဒီ ပညာရပ်ဝန်းမှာ လေ့လာသူဟာ
သူ့လိုအပ်ချက်နဲ့ အကိုက်ညီဆုံး အရင်းမြစ်တွေကို ရွေးချယ် အသုံးချသွားလို့ ရပါတယ်”။
ဒါ့ကြောင့် လက်ချာ
(သို့မဟုတ်) ဘာသာရပ်တစ်ခုခုကို Facilitatorက ပို့ချပေးခြင်းဆိုတာ
ပညာရေးရဲ့ လိုအပ်လှတဲ့
အပိုင်းမဟုတ်ပါဘူး။ လေ့လာသူတွေ က လိုလားတောင့်တလွန်းမှသာ
ယူသုံးရမယ့် အရာတစ်ခုပါ။
နောက်တစ်ခုကတော့ Facilitatorနဲ့ လေ့လာသူတွေကြား
နားလည်သဘောတူညီမှု ရှိခြင်းပါ
(use of contracts)။ မြန်မာ့ ပညာရေးရဲ့ ရွေးချယ်စရာ အခွင့်အရေး နည်းပါးခဲ့ခြင်းကြောင့်
အနုစာပေ စိတ်ဝင်စားလည်း အမှတ်ကောင်းရင်
ဆေးကျော င်းရောက်တယ်။ စိတ်ပညာကို
အထူးပြုလိုလည်း အမှတ်ကောင်းရင်
ဆေးကျောင်းရောက်တယ်။ တခြားဘယ်လို အကြော
င်းကြောင့်ဖြစ်ဖြစ် လေ့လာသူတစ်ယောက်ဟာ “စာသင်ခန်းမှား”တဲ့ အခြေအနေမျိုး
ကြုံနိုင်ပါတယ်။
အဲဒီလို အခြေအနေမျိုး ကြုံလာရင် လေ့လာသူဟာ
Facilitatorနဲ့ နားလည်သဘောတူညီမှု
ရယူထားသင့်ပါတယ်။ “ကျွန်တော်ဟာ စာမေးပွဲ အောင်ရုံပဲ စိတ်ဝင်စားတာပါ။ ဒီကျောင်းကို
တက်ချင်လွန်း တက်နေတာ မဟုတ်ပါဘူး။ အဲဒီအတွက် စာမေးပွဲအောင်ရုံပဲ ကျွန်တော်
လေ့လာမယ်။ ဒါကြောင့် အဲဒီထက် ပိုပြီး ဖိအားမပေးပါနဲ့” ဆိုပြီး နားလည်အောင်
ပြောပြထား
သင့်ပါတယ်။ အဲဒီ အခါ Facilitatorကလည်း သဘောတူလက်ခံပေးရပါမယ်။ လေ့လာသူအနေနဲ့
Facilitatorဆီက သဘောတူညီမှု ရယူထား
တဲ့အတွက် ပိုပြီးတော့ လွတ်လပ်လာမယ်။ သူ့
သဘော မတူထားတဲ့ အရာအတွက်
စိုးရိမ်စရာ မလိုတော့ဘူး။ သဘောတူညီမှု
ရယူထားတာကို ကျေပွန်ဖို့အတွက်လည်း
တာဝန်ယူမှုတော့ ရှိရမယ်။
နောက်တစ်ခုကတော့ အတန်းခွဲဖို့ပါ
(division of class)။ အတန်းခွဲဖို့ လိုအပ်ရတဲ့
အခြေခံအကြောင်းလောက်ကို ဆွေးနွေး ကြည့်ပါမယ်။ လူသားတစ်ယောက်ကို
လွှမ်းမိုးပြုပြင်နေတဲ့ အကြောင်းတရားတွေကို
အုပ်စုဖွဲ့လိုက်ရင် သုံးခုပဲ ရှိပါတယ်။
(၁) ဇီဝဗေဒဆိုင်ရာ အကြောင်းတရား
(၂) စိတ္တဗေဒဆိုင်ရာ အကြောင်းတရား (၃)
ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရား ဆိုပြီး သုံးအုပ်စု
ရှိပါတယ်။ လူသားတစ်
ယောက်နဲ့ တစ်ယောက်ဟာ ဖီဝဗေဒဆိုင်ရာ အကြောင်းတရားထဲက အရေးအကြီး
ဆုံးဖြစ်တဲ့ မျိုးရိုးဗီဇချင်းလည်း
မတူညီကြပါဘူး။ monozygotic twinsတွေမှာ
ဗီဇချင်းထပ်တူညီတာတောင်မှ ပတ်ဝန်းကျင် ဆိုင်ရာ
အကြောင်းတရားက
အညမညပြုပြီး လာလွှမ်းမိုးလို့ လူသားတစ်ယောက် အဖြစ်ကျတော့
မတူညီပြန်ပါဘူး။
စိတ္တဗေဒဆိုင်ရာ အကြောင်းတရားတွေဖြစ်တဲ့ ရည်မှန်းချက်တွေ၊ စိတ်ချယုံကြည်မှု
ရှိတာတွေချင်းလည်း
လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပြန်ပါဘူး။
လူသားတစ်
ယောက် ကြီးပြင်းရာ ပတ်ဝန်းကျင်နောက်ခံဖြစ်တဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာ
ရေးယုံကြည်မှုတွေ၊ နိုင်ငံရေးအမြင်တွေလည်း
မတူကြပြန်ပါဘူး။ အဲဒီလို
မတူညီမှုတွေ ရှိတာ မငြင်းနိုင်ပေမယ့်
အခြေခံ သဘာဝလေးတွေ တူညီနေတာ
ရှိပါတယ်။ အခု ဆွေးနွေးနေတဲ့ စာသင်ခန်းတွင်း
လွတ်လပ်မှုတည်ဆောက်ခြင်းမှာ
ဆိုရင် လွတ်လပ်မှုကို အငမ်းမရ လိုချင်ပြီး ကိုယ်တိုင်ဦးဆောင် လေ့လာခြင်းကို
မြတ်နိုးတဲ့ လေ့လာသူတွေ ရှိမယ်။ တစ်သက်လုံးက သူများ နှာခေါင်းပေါက်နဲ့
အသက်ရှုလာလို့ လွတ်လပ်မှုကို
သိပ်မလိုချင်သူတွေ ရှိမှာလည်း ဧကန်ပဲ။
အဲဒီအခါ အတန်း ခွဲမှပဲ အဆင်ပြေတော့မယ်။
အတန်းခွဲမယ်ဆိုရင်လည်း
လူတစ်ရာ တစ်ခန်းမျိုးဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
Facilitatorက လေ့လာသူတွေ ကိုယ်တိုင် ဦးဆောင်လေ့လာခြင်းကို ပံ့ပိုးကူညီပေးလို့
ထိရောက်နိုင်မယ့် အုပ်စုလေးတွေပဲ ဖြစ်သင့်ပါတယ်။ အဲဒီလို အုပ်စုငယ်လေးတွေ
ဖွဲ့လိုက်တဲ့အခါ Facilitatorဟာ စူးစမ်းမေးမြန်းခြင်းနည်းကို
အသုံးပြုလို့ အဆင်ပြေနိုင်ပါတယ်
(the conduct of inquiry)။ သိပ္ပံပညာမှာက
အသစ်အသစ်သော ပြဿနာတွေက
ထပ်ပေါ်နေတယ်။ Facilitatorက အဖြေသိ ပြီးသား
မဟုတ်တဲ့ ပြဿနာတစ်ရပ်ကို
လေ့လာသူတွေဆီ ယူဆောင်လာမယ်။ ပြီးရင် Facilitatorက လေ့လာသူတွေကို
ပံ့ပိုးပေးမယ့်
အရင်းအမြစ်အဖြစ် ဆောင်ရွက်မယ်။ လေ့လာသူတွေက အဖြေ
မသိသေးတဲ့ ပြဿနာကို
ဖြေရှင်းဖို့ သိပ္ပံ ပညာရှင်တစ်ယောက်လို စူးစမ်းလေ့လာတော့မယ်။
အဖြေရဖို့ လေ့လာသူတစ်ဦးချင်းဆီက လွတ်လွတ်လပ်လပ် တွေးခေါ် စဉ်းစားကြသလို
ပူးပေါင်းအဖြေရှာတဲ့ အလေ့အထလည်း ရလာနိုင်မယ်။ ကိုယ်တိုင် လွတ်လပ်စွာ
စဉ်းစားအဖြေရှာလို့ ရလာတဲ့ နားလည်မှုဟာ ပိုမိုနက်ရှိုင်းသလို
တာရှည်လည်းခံ
ပါတယ်။
တကယ့် လက်တွေ့ဘဝ
ပြဿနာတွေကို အခြေခံပြီး လေ့လာခြင်းဟာ အကျိုးများ ထိရောက်တာ
မှန်ပေမယ့်
အကုန်လုံး လုပ်ဆောင်ဖို့ကျ ခဲယဉ်းပါတယ်။
နောက်တစ်ခုလည်း ရှိပါသေးတယ်။
ပြဿနာတစ်ခုဟာ ကိုယ့်ပတ်ဝန်းကျင်
မဖြစ်သေး ပေမယ့် တခြားပတ်ဝန်းကျင်မှာ ဖြစ်နေပြီ။
ကိုယ့်ပတ်ဝန်းကျင်မှာ မဖြစ်သေးတော့ အဲဒီပြဿနာကို ဘယ်လို
လေ့လာမလဲ လို့ မေးစရာရှိပါတယ်။
တောင်အာဖရိကမှာ Ebolaကူးစက်ပြန့်ပွားနေတယ်။ မြန်မာပြည်မှာ မရှိသေးလို့ ငါတို့
ပြဿနာ မဟုတ်တဲ့အတွက် လေ့လာစရာ
မလိုဘူး။ လေ့လာလို့လည်း မထိရောက်နိုင်ဘူးလို့
ထင်စရာရှိပါတယ်။
အဲဒီလို အခြေအ နေတွေအတွက်ဆိုရင် “simulation”နည်းကို
သုံးလို့ရပါတယ်။
simulationဆိုတာ ရှုပ်ထွေးလှတဲ့ တကယ့် လက်တွေ့ဘဝ
အခြေအနေတွေကို
ကိုယ်စားပြုဖော်ဆောင်ထားတဲ့ ပုံစံငယ်လေးတစ်ခုပါ။
simulation
ဖန်တီးဖို့ဆိုရင် ကိုယ်ဖန်တီးမယ့်
အခြေအနေကို ကောင်းကောင်း နားလည်ထားရပါတယ်။
အဲဒီအတွက်
Facilitatorက ပထမဆုံး မိတ်ဆက်နိဒါန်းပျိုးပေး ရပါမယ်။ တကယ် တာဝန်ယူ ဖော်ဆောင်ရမှာကတော့ လေ့လာသူတွေပါ။
အဲဒီလို simulationနည်းနဲ့
လေ့လာထားတဲ့ အခါ လေ့လာသူတွေအနေနဲ့ တကယ့်
လက်တွေ့ဘ၀မှာ ကြုံလာရင်
တာဝန်ယူ ဖြေရှင်းလာနိုင်ပါလိမ့်မယ်။ တကယ့် လက်တွေ့ဘ၀လို ဖန်တီးလေ့လာတဲ့
အတွက် လူသားချင်းကြား
နားလည်မှုတွေ၊ အပြန်အလှန် လေးစားမှုတွေ၊ ပူးပေါင်း
လုပ်ဆောင်နိုင်စွမ်းတွေလည်း အမြတ်ထွက်လာပါမယ်။
အခု ဆွေးနွေးခဲ့တာကတော့ Carl
Rogers တင်ပြခဲ့တဲ့ နည်းလမ်းတချို့ပါ။ ချဉ်းကပ်ပုံ
နည်းလမ်းဆိုတာက တရားသေ ပြောလို့
မရပါဘူး။ လူတစ်ယောက်ချင်းစီ အသုံးပြုပုံချင်း
လည်း မတူနိုင်ပါဘူး။
တခြားနည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ အခုတော့
ဒီလောက်ပဲ
ဆွေးနွေးလိုပါတယ်။
၂။ လေ့လာခြင်းကို အကဲဖြတ်ခြင်း
အစဉ်အလာ ပညာရေးမှာတော့ အကဲဖြတ်ခြင်းကို
တခြားလူတစ်ယောက် ထုတ်တဲ့
မေးခွန်းတွေကို ဖြေဆိုရခြင်းဆိုတဲ့ စာမေးပွဲနဲ့
တိုင်းတာလေ့ရှိပါတယ်။ စဉ်းစားကြည့်ပါ
မိတ်ဆွေ။ ကိုယ်လေ့လာထားတာကို သူများက လာစစ်တယ်ဆိုတော့ သူများ
လိုချင်တာ
ဖြေနိုင်ရင် ကိုယ်တတ်တယ်ဆိုတဲ့
အဓိပ္ပါယ်ထွက်မနေဘူးလား။ သူ မလိုချင်တာ၊ သူ
မမေးတာ ကိုယ် တတ်တယ်ဆိုရင်တော့ ကိုယ်တတ်ထားတာက
သုံးမရသလို ဖြစ်နေပြီ။
စားမွေးပွဲနဲ့ စစ်တယ်ဆိုတော့ အဲဒီစာမေးပွဲရဲ့
အရည်သွေး ခိုင်မာမှုကို ဘာမှတ်ကျောက်နဲ့
ပြန်တိုင်းမလဲ။ လူသားဆန်တဲ့ ပညာရေးမှာတော့ စာမေးပွဲ
စစ်တယ်ဆိုရင် အဲဒီစာမေးပွဲဟာ
ဘ၀ဆိုတဲ့ ပေတံနဲ့ တိုင်းတာကို ခံနိုင်ရမယ်။ အဲဒီပေတံနဲ့ အတိုင်းမခံနိုင်ရင် အဲဒီစာမေးပွဲဟာ
အလကားပဲ။
ကမ္ဘာတစ်လွှားမှာ
စာမေးပွဲတွေ စစ်တဲ့သူက စစ်တယ်။ ဖြေတဲ့သူတွေက သန်းပေါင်းများစွာ။
သူတို့ ဘာလို့ အဲဒါတွေ လုပ် နေကြလဲ။ လက်မှတ် လိုချင်လို့ပါ။ တက္ကသိုလ်ဝင်ခွင့် လက်မှတ်၊
ဘွဲ့ရလက်မှတ်၊ အလုပ်ဝင်ခွင့် လက်မှတ် အစရှိသဖြင့်ပေါ့ လေ။ လူသားဆန်တဲ့
ပညာရေးမှာတော့
သူများ သတ်မှတ်ထားတဲ့ စံတွေနဲ့ စစ်ဆေးတဲ့ စာမေးပွဲဆိုတာ
လူသားတစ်ယော
က် ဘယ်လောက် တတ်မြောက်သလဲဆိုတာ အမှန်တကယ်
စစ်ဆေး
မပေးနိုင်ပါဘူး။ လက်မှတ်ရရုံပါ။ မိမိကိုယ်ကို အကဲ ဖြတ်ခြင်း
(self-evaluation)နဲ့ပဲ
ဆန်းစစ်လို့ရပါတယ်။ ကိုယ်တိုင် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ ကိုယ်တိုင်
ချမှတ်
ထားတဲ့ စံတွေ မှတ်ကျောက်တွေနဲ့ပဲ အကဲဖြတ်လို့ ရပါတယ်။
မိမိကိုယ်ကို အကဲဖြတ်ခြင်းကို
လေ့လာခြင်း ဖြစ်စဉ်မှာ ထည့်သွင်
း ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနိုင်ပါတယ်။
Facilitatorနဲ့ လေ့လာသူ အပြန်အလှန် ဆွေးနွေးခြင်းဖြင့်လည်း မိမိကိုယ်ကို
အကဲဖြတ်လို့
ရပါတယ်။ ကိုယ်တိုင် ရေးသား
အကဲဖြတ်ခြင်း၊ Facilitatorနဲ့ သဘောတူညီထားတာကို
ဘယ်လောက် ဖြည့်ဆည်းနိုင်သလဲ
အစရှိသည်တို့နဲ့လည်း အကဲဖြတ်လို့ ရပါတယ်။
လေ့လာသူတစ်ယောက်နဲ့ တစ်ယောက် ချမှတ်ထားတဲ့စံတွေ၊ ရည်မှန်းချက်တွေဟာ
အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အစဉ်အလာ ပညာရေးမှာလို လေ့လာသူအားလုံးကို
အဆင့်ဆိုတဲ့ တစ်ခုတည်းသော အကဲဖြတ်စံနဲ့ သတ်မှတ်မထားတဲ့အတွက်
(competition)ယှဉ်ပြိုင်ခြင်းကို မဖြစ်စေတော့ပါဘူး။ ကိုယ့်ရည်မှန်းချက်
ကိုယ့်စံတွေ ပြည့်ဝဖို့ ကြိုးစားရင်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
cooperationပဲ
ရရှိလာတော့တယ်။
No comments:
Post a Comment