Written by ဥာဏ်မျိုးအောင်
ဘာသာရေး လွတ်လပ်ခွင့်လို့ ပြောလိုက်ရင် အစိုးရဘက်က ရှေ့နေလိုက်ပေးဖို့
အသင့်အနေအထား ပြင်ထားတဲ့ ပညာတတ်တွေက ရန်ကုန်မြို့လယ်ကောင်က
ဗုဒ္ဓဘာသာအထိမ်းအမှတ် ဆူးလေဘုရားရယ်၊ ဆူးလေဘုရားနဲ့ မလှမ်းမကမ်းက
ခရစ်ယာန်ဘာသာ အထိမ်းအမှတ် ဧမာနွေလဘုရားကျောင်းရယ်၊ ဆူးလေဘုရားအနီးက
အစ္စလာမ်ဘာသာ အထိမ်းအမှတ်ဖြစ်တဲ့ ဗလီဝတ်ကျောင်းရယ် စတဲ့ မတူညီတဲ့
ဘာသာရေး အဆောက်အအုံတွေ နီးနီးကပ်ကပ် တည်ရှိနေတာကို လက်ညှိုး
ထိုးပြပြီး ဗမာနိုင်ငံမှာ ကိုယ်နှစ်သက်ရာ ဘာသာကို လွတ်လွတ်လပ်လပ်
ကိုးကွယ်နိုင်ကြောင်း အားပါးတရ ရှင်းပြတတ်ကြတယ်။ ဒီပညာတတ်တွေ
ဖောက်လိုက်တဲ့ လေလမ်းကြောကို နောက်ပိုင်းမှာ ဧည့်လမ်းညွှန်တွေပါ
အလွယ်တကူ လက်ခံပြီး နိုင်ငံခြားသားဧည့်သည်တွေကို ရှင်းပြတာတွေလဲ
ကြားရဖူးပါတယ်။ ဒီတော့ ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အမှန်တကယ်
ရှိရဲ့လားဆိုတာကို နိုင်ငံတော်နဲ့ ဘုရားကျောင်းတော်ကြား စည်းပိုင်းခြားထားမှု
စံတွေကို အသုံးပြု ပြီးတော့ ကျွန်တော် ဆွေးနွေးသွားပါမယ်။ ဒီလိုဆွေးနွေးရာမှာ
အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တရားလွှတ်တော်ချုပ်ရဲ့
ဆုံးဖြတ်ချက်တွေကို အဓိကထားပြီးတော့ စံပြုထားပါတယ်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပထမပြင်ဆင်ချက်မှာ
လွှတ်တော်က
ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာ အဖြစ် ထူထောင်တဲ့ သို့မဟုတ်
လွတ်လပ်စွာ
ကိုးကွယ်ယုံကြည်မှုကို တားမြစ်တဲ့ မည်သည့် ဥပဒေကိုမှ
မပြုရဘူး၊
မပြဌာန်း ရဘူးလို့ ရေးထားပါတယ်။
နိုင်ငံတော်ဘာသာ မထူထောင်ရဘူးဆိုတာ
အစိုးရက ဘာသာတရားတစ်ခုကို တခြားဘာသာ တရားတစ်ခုထက်
မျက်နှာ
သာပေးတာ၊ ဘာသာတရားမဟုတ်တဲ့ ယုံကြည်သက်ဝင်မှု
(ဥပမာ- ဘာသာမဲ့
Atheism)တစ်ခုထက် ထောက်ခံတာ၊ ထောက်ပံ့တာ မလုပ်ရဘူးလို့
တရားလွှတ်တော်ချုပ်က
အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒီပြဌာန်းချက်ဟာ
ဘုရားကျောင်းနဲ့ နိုင်ငံတော်ကြားမှာ
နံရံခြားထားတာလို့ (အစိုးလုပ်ငန်းတွေကို
ဘာသာရေးနဲ့ မရောတာကို ဆိုလိုတာ) ဆိုကြပါတယ်။ သူတို့ဆီမှာ
ခရစ်ယာန်တွေ များလို့ ဘုရားကျောင်းလို့ သုံးထားပေမယ့် ဗမာနိုင်ငံမှာတော့
ဗုဒ္ဓဘာသာက အများစု ဖြစ်တော့
ဘုန်းကြီးကျောင်းနဲ့ အစိုးရကြားမှာ
နံရံခြားထားနိုင်မှု ရှိရမယ်လို့ ကောက်ယူသင့်ပါတယ်။ လိုရင်းကတော့
အစိုးရလုပ်ငန်းတွေကို ဘယ်ဘာသာရေးနဲ့မှ မဆက်နွှယ်၊ မရောယှက်တဲ့
လောကီရေးသက်သက် အစိုးရ (Secular
Government)မျိုးကို ဆိုလိုတာပါ။
ဒီပြဌာန်းချက်အရပဲ အစိုးရက ဘုရားကျောင်းနဲ့ ဆက်နွှယ်တဲ့ စာသင်ကျောင်း
တွေကို ဘာသာရေးအကြောင်းအရာ
မပါတဲ့ လောကီရေးသက်သက်ပဲ ပါတဲ့
သင်ရိုးညွှန်းတမ်းစာအုပ်(Secular Textbooks)တွေလောက်ပဲ
ထောက်ပံ့လို့
ရတယ်။
ဘုရားကျောင်းနဲ့ ဆက်နွှယ်တဲ့
စာသင်ကျောင်းတွေမှာ စာသင်ပေးနေတဲ့
ဆရာတွေရဲ့ လခကို အစိုးရက မပေးရဘူးလို့ တရားလွှတ်တော်ချုပ်က
တားမြစ်ထားတယ်။
ဘာသာရေးနဲ့ ဆက်နွှယ်တဲ့
စာသင်ကျောင်းတွေ
အသုံးပြုဖို့ ပြည်သူ့ ဘဏ္ဍာငွေ ခွင့်ပြုပေးရင်လဲ လောကီရေးသက်သက်ပဲ ပါတဲ့
သင်ရိုးညွှန်းတမ်း စာအုပ်တွေအတွက်ပဲ သုံးခွင့်ရှိတယ်။ ဆရာတွေကို
လခပေးဖို့အတွက် သုံးခွင့်မရှိဘူး။
ဘာလို့လဲဆိုတော့ သင်ရိုးညွှန်းတမ်း
စာအုပ်တစ်အုပ်မှာ ပါတဲ့ အကြောင်းအရာတွေကို ကြည့်ပြီးတော့
ဘာသာတရားတစ်ခုကို အားပေးထောက်ခံနေသလားဆိုတာ အလွယ်တကူ
သိနိုင်ပေမယ့် ဆရာ တစ်ယောက်က စာသင်ခန်းထဲမှာ ဘာသာတရားတစ်ခုကို
အားပေးထောက်ခံ
ပြောဆိုနေလားဆိုတာ အစိုးရက မသိနိုင်လို့ ပါပဲ။
တရားလွှတ်တော်ချုပ်ရဲ့ အထက်က ဆုံးဖြတ်ချက်ပေါ်မှာ
အခြေခံပြီးတော့
ဗမာနိုင်ငံကို ပြန်ကြည့်ကြည့်ပါ။
ဗမာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ
ဘုန်းတော်ကြီးတွေ
ဦးဆောင် ဖွင့်လှစ်တဲ့ စာသင်ကျောင်းက ဆရာ၊ ဆရာမတွေအတွက် အစိုးရက
လခ ထောက်ပံ့ပေးတာတွေ ရှိပါတယ်။
သင်ရိုးညွှန်းတမ်းတွေမှာလဲ အဓိက
ပါဝင်တာက ဗုဒ္ဓစာပေက ယူထားတဲ့ ဇာတ်နိပါတ်တွေ၊ ပုံဝတ္ထုတွေ၊ ဆုံးမစာတွေပါပဲ။
ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်း စာအုပ်တွေမှာဆိုရင်လဲ ကျောင်းသားတွေကို
ဒီမိုကရက်တစ်
ယဉ်ကျေးမှု၊ ဒီမိုကရေစီ သဘောတရား၊ နိုင်ငံသားအခွင့်အရေး
စတာတွေကို သင်ပေးရမယ့်အစား
ဗုဒ္ဓစာပေက ယူထားတဲ့
ကျင့်ဝတ်တွေ၊ နီတိတွေ၊
ဆုံးမစာတွေက စာအုပ် အပြည့်ပါပဲ။ ကျော င်းသားတွေကို သင်ကြားပေးတဲ့
ဆရာ၊
ဆရာမတွေကလဲ ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပြီးတော့ ဆုံးမစကား ပြောရင်လဲ
ဗုဒ္ဓစာပေက ကြားနာ၊
ဖတ်မှတ်ထားတာတွေကို အခြေခံပြီးတော့ပဲ ပြောဆို
ဆုံးမကြပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေဟာ ဘာသာတရားတစ်ခုကို
နိုင်ငံတော်ဘာသာအဖြစ် မထူထောင်ရေး ပုဒ်မရဲ့ အနှစ်သာရကို
ချိုးဖောက်နေတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရစာသင်ကျောင်းတွေမှာ ဘုရားစာရွတ်ဆို
တာကိုတောင်
တရားလွှတ်တော်ချုပ်က တားမြစ်ထားပါတယ်။
အစိုးရစာသင်ကျောင်း
တွေမှာ သမ္မာကျမ်းစာ ဖတ်တာကိုတောင် တရားလွှတ်တော်ချုပ်က လက်မခံဘူး၊
ပယ်ချတယ်။ Alabamaပြည်နယ်က ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ရှောင်နိုင်ဖို့အတွက်
ငြိမ်ငြိမ်သက်သက် ဘုရားစာ ရွတ်တာ၊ တရားထိုင်တာ လုပ်ဖို့ အစိုးရစာသင်ကျောင်းတွေက
နေ့စဉ်
တစ်မိနစ် ခွင့်ပြုနိုင်တဲ့ ဥပဒေပြုတယ်။
တရားလွှတ်တော်ချုပ်က ဒီဥပဒေဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ ဘာသာရေးနဲ့ ပတ်သက်လာရင်
အစိုးရက
လုံးဝ ကြားနေရ မယ်လို့
ဆုံးဖြတ်လိုက်တယ်။
ဒီ့နောက် အစိုးရစာသင်ကျောင်းမှာ လုပ်တဲ့ ဘောလုံးပြိုင်ပွဲတွေမှာတောင် ကျောင်းသားတွေ
အုပ်စုဖွဲ့ ဘုရားရှိခိုးတာကို
တားမြစ်ထားပါတယ်။
ဗမာနိုင်ငံမှာတော့ အောက်ခြေအဆင့် မူလတန်းလောက်ကတိုင် တက္ကသိုလ်ဝင်တန်း
လောက်အထိ
နေ့စဉ်နဲ့အမျှ မနက်တိုင်း ဗုဒ္ဓဘာသာ ဘုရားရှိခိုးစာတွေ ရွတ်ဆိုပြီးတော့
ကျောင်းသားတွေ
အားလုံး ရှိခိုးရပါတယ်။
ကျောင်းသားတွေကို အတန်းပိုင် ဆရာ၊
ဆရာမတွေက အသင်းလိုက် ခွဲပြီးတော့ နေ့စဉ် ဘုရားပန်းအိုး
ရေလဲတာ၊
ကျောင်းသားတွေဆီက ငွေစုပြီးတော့ ဘုရားပန်း ၀ယ်ကပ်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။
ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေး အထိမ်းအမှတ်ပွဲ
တွေဖြစ်တဲ့ ကထိန်သင်္ကန်း
ကပ်တာ၊ ၀ါဆိုသင်္ကန်းကပ်တာတွေကိုလဲ တက္ကသိုလ်အဆင့်ထိ ဆရာ၊ ဆရာမတွေက
ဦးစီးဦးဆောင်ပြု ဆော်သြပြီးတော့ ငွေကောက်တာတွေ၊ လှူဒါန်းတာတွေ ပြုကြပါတယ်။
ဒါ့အပြင် တက္ကသိုလ်အတွင်းမှာ ဗုဒ္ဓဘာသာ ၀တ်ရွတ်အသင်းတွေ
ဖွဲ့ပြီးတော့ အလှည့်ကျ
ဝတ်ရွတ်တာ၊ ၀တ်ရွတ်ပြိုင်ပွဲ ကျင်းပတာတွေလဲ တွေ့ရပါတယ်။ ဒါတွေဟာ ဘာသာတရား
တစ်ခုကို နိုင်ငံတော် ဘာသာအဖြစ်
မထူထောင်ရေးဆိုတဲ့ ပုဒ်မကို ချိုးဖောက်နေတာပဲ
ဖြစ်ပါတယ်။
ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာ
ဆွေးနွေးငြင်းခုံ
ခဲ့ရတဲ့ ဥပမာလေးတစ်ခုကို ကြည့်ရအောင်ပါ။ နိုင်ငံတော် သစ္စာအဓိဌာန်ပြုချက်
(Pledge of Allegiance)မှာ အစက “ဘုရားသခင်ရဲ့ ကြည့်ရှု့စောင့်မမှု (Under God)”
ဆိုတဲ့
စကားလုံး မပါပါဘူး။ ဒီစကားလုံးကို ၁၉၅၄ခုနှစ်မှာ ကွန်မြူနစ်ဝါဒကို ကြောက်လန့်စိတ်
မြင့်တက်နေချိန်တုန်းက လွှတ်တော်က အပိုထပ်ထည့်လိုက်တဲ့ စာသားတွေပါ။ ၂၀၀၄ခုနှစ်
ရောက်တော့ ဒီပြဌာန်းချက်က
ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ နိုင်ငံတော်ဘာသာ မထူထောင်ရေး
သတ်မှတ်ချက်ကို ချိုးဖောက်ရာ
ရောက်နေသလား ဆိုတာကို တရားလွှတ်တော်ချုပ်က
ကြားနာရပါတယ်။ စာသင်ကျောင်းက ကျောင်းသားတွေကို နိုင်ငံတော်သစ္စာ
အဓိဌာန်ပြုချက်
ဆိုခိုင်းတာဟာ သူ့ သမီးရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း
ဘာသာမဲ့ဝါဒီတစ်ယောက်က
ဆွဲချက်တင်ပြီး စာသင်ကျောင်းကို တရားစွဲဆိုလာလို့ပါ။
ဒီမှာတင် အချေအတင် ဆွေးနွေးငြင်းခုံတာတွေ ရှိလာပါတယ်။
ဘာသာမဲ့ဝါဒီကတော့ ပြည်သူ လူထုဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေကို
လစာအဖြစ်
ယူထားတဲ့
ဆရာ ဆရာမ တွေက မနက်တိုင်း ကျောင်းသားတွေကို အမေရိကန်ပြည်ထောင်စုဟာ
ဘုရားသခင်ရဲ့ ကြည့်ရှု့စောင့်မမှုခံရတဲ့
တစ်ခု တည်းသော နိုင်ငံဖြစ်ကြောင်း
“One Nation Under God”ကို ဦးစီးဦးဆောင်ပြု အဆိုခိုင်းကြောင်း၊
ဘုရားသခင်
ရှိတယ်
ဆိုတဲ့ လူများစုရဲ့ ယုံကြည်ချက်ကို
လက်မခံသူတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို
ချိုးဖောက်ရာ ရောက်ကြောင်း၊ အစိုးရကိုယ်စားလှယ်တွေ (ဆရာဆရာမတွေ)က
ကလေးငယ်တွေကို ဒီတယူသန်ဝါဒကို ထပ်ခါထပ်ခါ နေ့စဉ်နဲ့အမျှ ဆိုခိုင်းတာဟာ
အစိုးရရဲ့ ဘာသာရေးကြားနေမှုဝါဒကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုပါတယ်။
တရားအစွဲခံရတဲ့ စာသင်ကျောင်းရဲ့ကိုယ်စား လျှောက်ထားပေးသူကတော့
ဒီလိုအဆိုခိုင်းတာက
ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာ မဟုတ်ကြောင်း၊
စည်းလုံးညီညွှတ်မှုနဲ့ မျိုးချစ်စိတ်
ဓါတ်ကို မြှင့်တင်ပေးဖို့သာ ဖြစ်ကြောင်း ချေပပါတယ်။
အလားတူ နောက်ထပ် ဥပမာတစ်ခုကတော့ သမ္မာကျမ်းစာပါ ဖန်ဆင်းရှင်ဝါဒကို
ဆင့်ကဲဖြစ်စဉ်သီအိုရီနဲ့အတူ အစိုးရ စာသင်ကျောင်းရဲ့ သိပ္ပံသင်ရိုးတွေမှာ
ထည့်သင်မယ့် Louisianaပြည်နယ်ရဲ့ ဥပဒေကို တရားလွှတ်တော်ချုပ်က ပယ်ချ
ဘူးပါတယ်။ တရားလွှတ်တော်ချုပ်က ဖန်ဆင်းရှင်ဝါဒဟာ ဘာသာရေး
အယူအဆဖြစ်ကြောင်း၊ သိပ္ပံသဘောတရား
မဟုတ်ကြောင်း၊ ဒါကို
ကျောင်းသင်ရိုးတွေထဲမှာ ထည့်သင်တာဟာ နိုင်ငံတော်ဘာသာ မထူထောင်ရေး
ပုဒ်မကို ချိုးဖောက်ရာ ရောက်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အထက်က
ဥပမာတွေဟာ အစိုးရရဲ့ လုပ်ငန်းဆောင်တာ
တွေကို ဘာသာရေးတစ်ခုခုနဲ့
ရောယှက်မသွားဖို့၊
အစိုးရက ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာ
ပြဌာန်းလိုက်ရင် နိုင်ငံတော် ဘာသာဆိုတဲ့
အရှိန်အ၀ါနဲ့ တခြားဘာသာတွေကို
ဖိနှိပ်တာ၊ အထူးအခွင့်အရေး ရယူတာ၊ ဘာသာရေးကို အခြေခံပြီးတော့ အစိုးရက
နိုင်ငံသားချင်းချင်းကို
ခွဲခြားဆက်ဆံတာမျိုးတွေ မဖြစ်ရလေအောင်
တားမြစ်ထားတာပါ။ ဒါ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဟာ
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးနဲ့လဲ ဆက်စပ်နေပါတယ်။
ဗမာနိုင်ငံမှာတော့ အစိုးရက ဗုဒ္ဓဘာသာဘက်က သံဃာတွေကို အစိုးရဘွဲ့တံဆိပ်တွေ
ဆပ်ကပ်လှူဒါန်းတာတွေ လုပ် တယ်။
သာသနာရေး ၀န်ကြီးဌာန ဖွဲ့ထားပြီးတော့
ပြည်သူလူထုဆီက ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့
ဗုဒ္ဓဘာသာစာအုပ် စာပေတွေကို
ရိုက်နှိပ်ဖြန့်ဝေတယ်။ အခွန်ငွေတွေ သုံးပြီးတော့ပဲ ဗုဒ္ဓဘာသာ သံဃာတော်တွေကို
ဝတ္ထုငွေနဲ့ ပစ္စည်းတွေ လှူဒါန်း ဆပ်ကပ်တယ်။
ကျောင်းဆောက်၊ ဘုရားတည်
လုပ်တယ်။
အစိုးရစာပြန် စာမေးပွဲတွေ လုပ်ပေးတယ်။
အခွန်ငွေတွေ သုံးထားတဲ့
အစိုးရသတင်းစာတွေမှာ ဒီလိုမျိုး လှူဒါန်းတာတွေ၊ ဗုဒ္ဓဘာသာ အထိမ်းအမှတ်နေ့တွေရဲ့
အကြောင်းကို ရေးသားဖော်ပြတယ်။
ပြည်သူ့အခွန်ငွေ သုံးထားတဲ့ အစိုးရရဲ့ ရုပ်မြင်
သံကြားထုတ်လွှင့်ချက်တွေမှာလဲ ဗုဒ္ဓဘာသာ
တရားတော်တွေကို ထုတ်လွှင့်ပေးတယ်။
အစိုးရရဲ့ အသိအမှတ်ပြုမှု ရထားတဲ့ နိုင်ငံတော်အဆင့် သံဃာအဖွဲ့အစည်းတွေကလဲ
ထေရ၀ါဒဗုဒ္ဓဘာသာ
အယူအဆနဲ့ ဆန့်ကျင်ပြီးတော့
ကိုယ်ယုံကြည်ရာကို
ရေးသားတာ၊ ဟောပြောတာတွေ လုပ်တဲ့
သံဃာတော်တွေကို ခေါ်ယူစစ်မြန်းတာ၊
အကျဉ်းချစေတာတွေလဲ ရှိပါတယ်။
ဒီတော့ ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိပါတယ်လို့ လျှောက်လှဲနေတဲ့
ပညာတတ်တွေဟာ မတူညီတဲ့
ဘာသာရေး အဆောက်အအုံတွေ နီးနီးကပ်ကပ်
ယှဉ်တွဲတည်ရှိတာကို
အခြေခံပြောဆိုနေတာ ဖြစ်ပါတယ်။
တစ်ချို့ကတော့
နိုင်ငံတကာမှာ ဗမာနိုင်ငံ သိက္ခာမကျရေးဆိုတဲ့ အမျိုးသားရေးစိတ်နဲ့ အရှိတရားကို
ဖုံးကွယ်ထားချင်သူတွေ၊ အနာကို
မကုပဲ အနာကို အသာဖုံးပြီးတော့ အပြင်ပန်း
လှဟန်ချယ်နေချင်သူတွေ ဖြစ်ပါတယ်။ အထက်က စံနှုန်းတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့
ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်
မရှိဘူးလို့ ဆိုရမှာပါ။ ဘာသာ
သက်ဝင်ကိုးကွယ်မှု
မတူညီတဲ့ နိုင်ငံသား တွေကို အစိုးရက ခွဲခြားဆက်ဆံတဲ့
တခြားအကြောင်းတွေလဲ ရှိပါသေးတယ်။ ရှည်မှာစိုးတဲ့အတွက် အလျဉ်းသင့်တဲ့အခါမှပဲ
ရေးပါတော့မယ်။
ဒီမိုကရက်တစ်ဆန်တဲ့ ခေတ်မီနိုင်ငံတစ်ခုကို ထူထောင်ချင်ရင်တော့
ဘာသာရေး၊ လူမျိုးရေး၊
ဒေသနဲ့ မျိုးနွယ်စုတွေကို
သစ္စာခံပြီးတော့ နိုင်ငံတည်ဆောက်ရေး
လုပ်လို့ မရပါဘူး။ ဘာသာရေး၊ လူမျိုးရေး၊ ဒေသနဲ့
မျိုးနွယ်စု
အပေါ် သစ္စာခံမှုကို
အခြေမခံဘဲ ဗမာနိုင်ငံတော် ဗမာနိုင်ငံသားဆိုတဲ့ National Identity
အပေါ်မှာ
အခြေခံ တည်ဆောက်မှ ရပါလိမ့်မယ်။
အဲဒီအတွက်လဲ နိုင်ငံတော်နဲ့
ဘာသာရေးကြား စီးပိုင်းခြားထားမှုဟာ အဓိကထား လိုက်နာရမယ့်
မူတစ်ခု ဖြစ်ပါကြောင်း။ ။
Ref;
1.The American Democracy By Thomas E.Patterson
2.The Origins of Political Order By
Francis Fukuyama
No comments:
Post a Comment