Written by ဥာဏ်မျိုးအောင်
လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်စုက ကျွန်တော်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ၀င်ရောက်
မနှောက်ယှက် ဘူးဆိုရင် သာမန်အားဖြင့် ကျွန်တော်ဟာ လွတ်လပ်တယ်လို့ ပြောလို့ရပါတယ်။ ဒီသဘောဆောင်တဲ့ နိုင်ငံရေးလွတ်လပ်မှု ဆိုတာ တခြားသူတွေရဲ့ အပိတ်အပင် အတားအဆီး မရှိဘဲ လူတစ်ယောက် ပြုမူဆောင်ရွက်နိုင်တဲ့ နယ်ပယ်ကို ဆိုလိုပါ တယ်။ ကျွန်တော် လုပ်နိုင်တာကို
မလုပ်ရလေအောင် တခြားသူတွေက တားမြစ်ထားရင် ကျွန်တော်ဟာ မလွတ်လပ်ပါဘူး။ ကျွန်တော် လွတ်လပ်စွာ ဆောင်ရွက်နိုင်တဲ့ နယ်ပယ်ကို တခြားသူတွေက ကျဉ်းမြောင်းအောင်လုပ်လာခဲ့ရင်
ကျွန်တော်ဟာ အကြမ်းဖက်ခံနေရပြီလို့ ဆိုနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်အပြုခံနေရပြီလို့လည်း
ဆိုနိုင်ကောင်းပါတယ်။
ဝင်ရောက်နှောက်ယှက်မူ မရှိလေလေ လွတ်လပ်မူနယ်ပယ် ကျယ်လေလေပါပဲ။
ဒါပေမယ့် လွတ်လပ်မူ
နယ်ပယ်ရဲ့ အကျယ်အ၀န်းကို ဘယ်လောက်အထိ ခွင့်ပြုသင့်သလဲဆိုတာနဲ့ ပတ်သက်လို့
နိုင်ငံရေး အတွေးအခေါ်ရှင်တွေကြားမှာ အငြင်းပွားမူတွေ ရှိပါတယ်။ လွတ်လပ်မူဟာ အကန့်အသတ်မဲ့ဆိုတာ
မဖြစ်နိုင်ဘူးလို့ သူတို့က ဆိုပါတယ်။ အကန့် အသတ်မဲ့သာဆိုရင် လူအားလုံးက တခြားလူအားလုံးကို
အကန့်အသတ်မရှိ ၀င်ရောက် နှောက်ယှက်နိုင်တဲ့ နိုင်ငံတော် ဖြစ်သွားလိမ့်မယ်၊ ဒီသဘာဝလွတ်လပ်ခွင့်
(Natural Freedom)က လူမူရေးပဋိပက္ခတွေကို ဖြစ်စေလိမ့်မယ်၊ အားနည်း သူတွေရဲ့ လွတ်လပ်မူကို
အားကြီးသူတွေက ဖိနှိပ်လိမ့်မယ်လို့ ဆိုကြပါတယ်။ ဒီအုပ်စုမှာပါတဲ့ အတွေးအခေါ်ရှင်တွေက
လူတွေရဲ့လွတ်လပ်စွာ ဆောင်ရွက်မှုကို ဥပဒေနဲ့ ကန့်သတ်ထားရမယ်လို့ ယူဆကြပါတယ်။
နိုင်ငံရေးအတွေးအခေါ်ရှင် တောမတ်စ်ဟော့ဘ်ကတော့ လူတွေ တစ်ယောက်ကို
တစ်ယောက်
သတ်ဖြတ်တာတွေ မလုပ်ရလေအောင်နဲ့ လူမှုဘ၀ကို အရိုင်းအစိုင်း တောရိုင်းကြီး မဖြစ်ရလေအောင်
ပိုမိုအားကြီးတဲ့ စောင့်ရှောက်မှုတွေ ဖွဲ့စည်း တည်ဆောက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ သူကတော့
ဗဟိုထိန်းချုပ်မူ နယ်ပယ် (အစိုးရအာဏာ)ကို တိုးမြှင့်သင့်ပြီး တစ်ဦးချင်းရဲ့နယ်ပယ်
(ပုဂ္ဂလိက လွတ်လပ်မှု)ကို လျော့ချသင့်တယ်လို့ ဆိုပါတယ်။
လွတ်လပ်ခြင်းပဓာန၀ါဒီ (Libertarians) တွေကတော့ ဘယ်လိုအကြောင်းကြောင့်မှ
ပုဂ္ဂလိကလွတ်
လပ်မူကို ၀င်ရောက် ထိပါးလို့မရတဲ့ တိကျသေချာတဲ့ အနိမ့်ဆုံးအဆင့် နယ်ပယ်တစ်ခု
ရှိသင့်တယ်လို့
ဆိုပါတယ်။ အတွေးအခေါ်ရှင် ဂျွန်လော့ခ် ကတော့ လူ့သဘာဝကို အကောင်းမြင်ပါတယ်။
လူသားတွေရဲ့
အကျိုးစီးပွားတွေဟာ အလိုအလျောက် သဟဇာတ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
လူမူရေး
သဟဇာတဖြစ်မူနဲ့ တိုးတက်မူတွေဟာ နိုင်ငံတော်ဖြစ်ဖြစ် ဘယ်လို အာဏာပိုင် ဖြစ်ဖြစ်
ဝင်ရောက်
ကျူးကျော်ခွင့် မပြုရမယ့် ပုဂ္ဂလိက လွတ်လပ်မှုနယ်ပယ် ကျယ်ဝန်းတာနဲ့ ရန်ဘက်သဘော
မဆောင်ဘူး
လို့ ဆိုပါတယ်။ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ ဘက်နှစ်ဖက်စလုံး သဘောတူတာကတော့
လူသားတွေရဲ့
ဖြစ်တည်မှုမှာ လူမူရေးထိန်းချုပ်မှုတွေကနေ လွတ်ကင်းတဲ့ ဘ၀တစ်စိတ်တဒေသတော့
ရှိသင့်တယ်
ဆိုတာပါပဲ။ ကိစ္စသေးသေးလေးပဲ ဖြစ်ပါစေ ဒီနယ်ပယ်ကို ၀င်ရောက် ကျူးကျော် လာတာဟာ
အာဏာရှင်စနစ်ပဲ ဖြစ်ပါလိမ့်မယ်။
ဆိုတော့ ပုဂ္ဂလိကဘ၀ရဲ့ နယ်ပယ်နဲ့ အများ ပြည်သူအာဏာ(Public
authority)ရဲ့နယ်ပယ်ကြားမှာ
စည်းခြားဖို့လိုလာ ပါပြီ။ လူတွေဟာ အပြန်အလှန် မှီခိုနေကြတာပါ။
“အသားစားငါးရဲ့ လွတ်လပ်မူဟာ
ငါးပေါက်စနတွေအတွက် မရဏတရားပါ”။ တချို့တွေရဲ့ လွတ်လပ်မူဟာ
တခြားသူတွေကို ကန့်သတ်မှုအပေါ်မှာ မူတည်နေပါတယ်။ ဒီတော့ နိုင်ငံရေးလွတ်လပ်မှု ဆိုတာမှာ
ကျွန်တော်တို့တွေဟာ လုံးဝ အကန့်အသတ်မဲ့ လွတ်လွတ်လပ်လပ်နေလို့တော့ မရပါဘူး။ တခြားသူတွေကို
စောင့်ရှောက်နိုင်ဖို့အတွက် ကျွန်တော်တို့တွေရဲ့ လွတ်လပ်မှုတစ်ချို့ကိုတော့ စွန့်လွှတ်ရပါလိမ့်မယ်။
ဒါပေသိ လွတ်လပ်မှုကို လုံးဝ စွန့်လွှတ်တာလဲ မဖြစ်သင့်ပါဘူး။
အတွေးအခေါ်ရှင်တစ်ဦးဖြစ်တဲ့ ဂျွန်စတူးဝပ်မေးလ်ကတော့ ပုဂ္ဂလိက
လွတ်လပ်မှုနယ်ပယ်ကို တရားမျှတမှု
ဆိုတာနဲ့ စည်းခြားပေးပါတယ်။ တရားမျှတမှုဆိုတာ လူတိုင်းမှာ
လွတ်လပ်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို
ကာကွယ်ပေးတာပါ၊ လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်မှုကို
တခြားသူတွေက မဖျက်စီးဖို့အတွက်
လိုအပ်ချက်အရ (ဥပဒေအားဖြင့်) ကန့်သတ်ထားတာ၊ လိုအပ်ရင်
(အစိုးရက) အကြမ်းဖက်ပြီး
တားမြစ်ခွင့်ပြုတာလို့ အဓိပ္ပါယ်ဖွင့်ပါတယ် (ဥပမာ- ရဲက ပြေးဖို့ကြိုးစားတဲ့
ရာဇ၀တ်သားကို ဖမ်းတာမျိုး)။
ဆိုတော့ကား ဥပဒေတွေရဲ့ တာဝန်ဟာ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ တခြားသူတွေရဲ့
ပြုမူချက်တွေ
ထိပ်တိုက်တိုးတာမျိုးကို ကာကွယ်ပေးဖို့ပါပဲ။ ဒီတော့ အစိုးရဆိုတာ ညစောင့်ဒရ၀မ်၊
တစ်နည်းအားဖြင့်
ကင်းတဲစောင့်ရဲ့ တာဝန်လောက်ကိုပဲ ယူရမှာပါ။
ဂျွန်စတူးဝပ်မေးလ်ကပဲ ပုဂ္ဂလိက လွတ်လပ်မှု မရှိရင် ယဉ်ကျေးမှုကြီး
တိုးတက်မှာ မဟုတ်ဘူးလို့
ဆိုပါတယ်။ လွတ်လပ်တဲ့ အတွေးအခေါ် ဈေးကွက်ကြီး မရှိတဲ့အတွက်
အမှန်တရားဟာ
ထင်ပေါ်လာမှာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းဟာ လူ အစုအဖွဲ့လိုက် ညံ့ဖျင်းမှုအောက်မှာ
ပြားပြား
ဝပ်နေရပါလိမ့်မယ်။ မတူကွဲပြားမှုတွေဟာလဲ ဓလေ့ထုံးတမ်းတွေနဲ့ လူမှုပုံစံ တူမှုတွေရဲ့အောက်မှာ
ပြားပြားဝပ်နေအောင် အဖိနှိပ်ခံရပါလိမ့်မယ်။ လူမှုပုံစံတူမှု (Social conformity)တွေက
အရည်
အသွေး ညံ့ဖျင်းတဲ့၊ ခေတ်နဲ့အံမ၀င်တော့တဲ့ တရားသေ၀ါဒကို ဆုပ်ကိုင်ထားတဲ့၊ အတွေးအခေါ်
ကျဉ်းမြောင်းပြီး အသိပညာ လူစဉ်မမှီတဲ့ လူသားတွေကိုသာ မွေးထုတ်ပေးပါတယ်။ လူသားတစ်
ယောက်
ကျူးလွန်နိုင်ဖွယ်ရှိတဲ့ မှားယွင်းမှု တွေထဲက အကြီးမားဆုံး အမှားကတော့ ကိုယ်က
ကောင်းမြတ်တယ်လို့
ယူဆထားတာတွေကို စွန့်လွှတ်ပြီးတော့ ကိုယ့်ကို တခြားသူတွေက
ထိန်းကွပ်ခွင့်ပေးလိုက်တာပါပဲ။
ဆိုတော့ မရှိသဘောဆောင်တဲ့ (Negative notion)ရှုထောင့်ကနေ
လွတ်လပ်မှုကို အဓိပ္ပါယ်ဖွင့်ရရင်
လွတ်လပ်မှုဆိုတာ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကဘ၀ထဲကို ၀င်ရောက်နှောက်ယှက်တာ
မရှိခြင်းကို
ဆိုလိုပါတယ်။ လူတစ်ယောက် မရွေးချယ် ချင်တဲ့ ဘ၀ကို ရွေးချယ်ရမယ်၊ မရွေးချယ်ရင်
အပြစ်ပေး
မယ်လို့ ခြိမ်းခြောက်တာမျိုး၊ လူတစ်ယောက်ရဲ့ ရွေးချယ်ခွင့်တံခါး တွေကို ပိတ်ထားပြီး
တံခါးပေါက်
တစ်ခုလောက်ပဲ ဖွင့်ပေးတာမျိုးပါ။ ဒီဖွင့်ပေးထားတဲ့ အခွင့်အလမ်းဟာ ဘယ်လောက်ပဲ
မွန်မြတ်ပါ
တယ်ဆိုဆို၊ ဒါမှမဟုတ် ဖွင့်ပေးသူတွေဟာ ဘယ်လောက်ပဲ စေတနာကောင်း ရှိလှပါတယ်ဆိုဆို
လူတစ်ယောက်ဟာ ကိုယ်ပိုင်ရှင်သန်ခွင့်ရှိတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်ရှိတစ်ယောက်ပါ။
ဒါဟာ တကယ့် အမှန်တရား ပါ။ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကဘ၀ကို ၀င်ရောက်ကန့်သတ်ခြင်းဟာ
အမှန်တရားကို
ချိုးဖောက်ခြင်းပါပဲ။
(ရှေ့အပတ် ဆက်မည်)
Ref-Two Concepts of Liberty By Isaiah Berlin
No comments:
Post a Comment