Written by ဆွေသက်ဇော်
ပညာကိုချစ်မြတ်နိုးတွေ ပညာကိုဘယ်လို လေ့လာနေကြသလဲ။ ပညာကိုချစ်မြတ်နိုးသူတွေဆိုတော့
ကလေးလည်း ပါသလို လူကြီးလည်း အကျုံးဝင်သွားတော့တယ်။ လူတစ်ယောက်ဟာ ဘယ်အချိန်ကစလို့ သင်ယူလေ့လာနေကြသလဲလို့
မေးလာရင်တော့ မမွေးခင်ကတည်းကလို့ ဖြေရလိမ့်မယ်။ နှစ်ဆယ့်တစ်ရာစု မတိုင်ခင်အထိကတော့
လူတစ်ယောက်ဟာ မွေးဖွားလာသည့် အချိန်မှစ၍ သေသည်အထိ
လေ့လာနေ ရတယ်လို့ ဖြေရလိမ့်မယ်။ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေ သနပြု လေ့လာချက်တွေအရ လေ့လာသင်ယူမှု
ဟာ
မမွေးဖွားခင် မိခင်ဝမ်းကြာတိုက်မှာ ရှိစဉ်ကတည်းက စတင်ခဲ့တာပါ။ (Annie Murphy
Paul,2011
ကိုဖတ်ပါ။)
အဲဒီလိုမတူညီတဲ့ အသက်အရွယ် အဆင့်ဆင့်ကို ဖြတ်သန်းရင်း သင်ယူလေ့လာနေကြတဲ့
လူသားတွေဟာ
အသက် အရွယ်ကိုလိုက်ပြီး ပညာကိုချဉ်းကပ် လေ့လာကြပုံခြင်း မတူကြပါဘူး။ တူ၍လည်း ဖြစ်မည်မထင်ပါ။ ဒီလိုမတူညီတာကို ယေဘုယျကျစွာ
အုပ်စုနှစ်စုဖွဲ့၍
ဆွေးနွေးကြည့်ချင်ပါသည်။
ကလေးအဆင့်မှာ လေ့လာ
သင်ယူပုံနဲ့ လူကြီးအဆင့်မှာ လေ့လာသင်ယူပုံဆိုပြီး ခွဲကြည့်ပါမည်။
အစဉ်အလာပညာရေးမှာတော့ ဒီနှစ်ခုကို
ကွဲကွဲပြားပြား ခွဲခြားမထားကြပါဘူး။ လိုရင်းပြောရရင်
တက္ကသိုလ်အဆင့်ရောက်တဲ့အထိ ကလေးဘ၀က
လေ့လာသင်ယူပုံမျိုးနဲ့ ချဉ်းကပ်နေကြတယ်။ အသက်ကြီးသွားတာနဲ့
လူကြီးအဆင့်မှာ လေ့လာသင်ယူပုံမျိုးနဲ့ ချဉ်းကပ်နေတယ်လို့ပြောလို့မရပါဘူး။ ကိုယ်ကိုတိုင်
လူကြီးအဆင့်မှာ လေ့လာချဉ်းကပ်ပုံမျိုးနဲ့ ချဉ်းကပ်မှရနိုင်
မှာပါ။
လူကြီးအဆင့် ပညာရေးကိုမဆွေးနွေးခင် ကလေးအဆင့် ပညာသင်ကြားနည်း
(pedagogy) အကြောင်းကို အကြမ်းဖျင်း ဆွေးနွေးကြည့်ချင်ပါသည်။ Pedagogy ဆိုတာ“the
art and science of teaching children”
(ကလေးများကို သင်ကြား ပေးခြင်းပညာရပ်) ဖြစ်ပါတယ်။
အနောက်ကိုပဲကြည့်ကြည့် အရှေ့သို့ပဲမျှော်မျှော်
“Pedagogy” ရှင်သန်ပေါက်ဖွားခဲ့တာ ဘာသာရေး
အဆောက်အအုံတွေရဲ့ အတွင်းမှာပါ။ ကျွန်တော်တို့ရဲ့နုံချာမွဲစုတ်လှတဲ့ မြန်မာ့ပညာရေးကို
ဓမ္မဓိဌာန်ကျကျ ရှုကြည့်ပါလျှင် ဘာသာရေးရဲ့ လောင်းရိပ် မလွတ်သေးကြောင်း တွေ့ရလိမ့်မယ်။
ကျွန်တော် ယုံကြည်မျှော်လင့်သော ပညာရေးဆိုတာ ဘာသာရေးရဲ့
လောင်းရိပ် ကင်းရမယ်
“secular” ဖြစ်ရမယ်။ ဘာသာရေးရဲ့ လောင်းရိပ်အောက်က ”Pedagogy” နည်းအတိုင်း ပညာသင်ယူနေသူတွေဟာ
ဆရာကိုကိုးကွယ်ရာအဖြစ် မြင်တယ်။ ဘာကို သင်ရမယ် ဆိုတာကိုလည်း ဆရာကပဲ ဆုံးဖြတ်တယ်။ နေရာတကာမှာ
ဆုံးဖြတ်သူက ဆရာ။ ဖြစ်လာသမျှ တာဝန်ယူသူက ဆရာ။ ပြောရရင် ဆရာကို ဗဟိုပြုဦးတည်နေသော ပညာရေး
“teacher-directed education” ဖြစ်နေတယ်။ နောက်ဆက်တွဲ အနေနဲ့ကတော့
တပည့်(၀ါ) ပညာသင်ယူသူဟာ
ဆရာကိုပဲ အားကိုးတော့တယ်။
ဒါတွေဟာ ဘာကြောင့် ဖြစ်လာတာလဲ။ ဒီမေးခွန်းကိုဖြေဖို့
“Pedagogy” ရဲ့ လက္ခဏာတွေကို ဆန်းစစ်ကြစို့။
ပထမဆုံးကတော့ သိဖို့လိုအပ်ခြင်း(the
need to know)။ ကလေးသင် ပညာရေးမှာတော့ သင်ယူသူဟာ အမှတ်ကောင်းကောင်း အဆင့်ကောင်းကောင်း
လိုချင်ရင် ဆရာသင်တာကို သိရမယ်ဆိုတဲ့ အသိတစ်ခုပဲ
လိုအပ်တယ်။ သူ့ဆရာ သင်ပေးလိုက် တာဟာ
သူ့ဘ၀အတွက် ဘယ်လို အသုံးချရမယ်၊ ဘာအတွက်
သုံးရမယ်ဆိုတာ သိဖို့မလိုအပ်ဘူး။ ဓာတုဗေဒမှာရေကို
H2O ပြောလိုက်တာ ဘာကြောင့်မှန်း သိဖို့မ
လိုအပ်ဘူး။ H2O လို့ ပြောလိုက်ရင် ရေလို့ သိဖို့ပဲလိုအပ်တယ်။
နောက်တစ်ခု ကတော့”the learner’s
self-concept”ပဲ။ ဘာကို သင်ရမလဲဆိုတာကို ဆရာက ဆုံးဖြတ်ပြီး
သူ သင်သွားတာကိုပဲ လိုက်မှတ်
နေရတဲ့ သင်ယူသူဟာ မှီခိုချင်တဲ့“self-concept” ပဲဖွံ့ဖြိုးလာရတော့တယ်။
ကလေးဘ၀မှာတော့
သင်ယူသူဟာ ဆရာအပေါ်ကို အတိုင်းအတာ တစ်ခုအထိ မှီခိုရမှာပဲ။ သင်ယူသူရဲ့
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မြင့်မားလာတာနဲ့အမျှ “မှီခိုမှု” လျော့နည်းလာရမယ်။ မြန်မာ့ပညာရေးမှာ
မှီခိုမှုကို ထပ်လောင်း အားဖြည့်ပေးတာက မြန်မာ့ ယဉ်ကျေးမှုပဲ။ ကျောင်းနဲ့အိမ် တစ်မိုင်မဝေးဘဲ
မိဘကအကြိုအပို့ လုပ်တယ်။
စား၊၀တ်၊နေရေး အကုန်လုံး မိဘကို မှီခို နေရတဲ့ မြန်မာကျောင်းသားတွေဟာ
ပညာရေးမှာလည်း ဆရာရဲ့
ဦးဆောင်မှုကိုပဲ မှီခိုအားထားတော့တယ်။ မြန်မာစာပေလာ ပုံပြင်တွေ၊
စကားပုံတွေကလည်း ဆရာအပေါ်
မှီခိုခြင်းကို ကျားကန်ပေးတယ်။ ဆရာမပြ နည်းမကျတဲ့။ ဒီယဉ်ကျေးမှု
လောင်းရိပ်တွေကြောင့်လည်း “Pedagogy”ကိုကျင့်သုံးတဲ့ မြန်မာ့ပညာရေးဟာ ပညာသင်ယူသူတွေကို
“self-direction” ကိုယ်ကိုယ်တိုင်
ဦးဆောင်ခြင်းနဲ့ ပိုလို့သာ ဝေးကွာသွားစေတယ်။
နောက်တစ်ချက်ကတော့ “the role of experience”ပဲ။ Pedagogyမှာ ဆရာရဲ့ အတွေ့အကြုံကပဲ
ထိပ်ဆုံးက နေရာယူတယ်။
သင်ယူသူရဲ့အတွေ့အကြုံကို တန်ဖိုးထားမှု အင်မတန် နည်းတယ်။ ဆရာကပဲ
သူဖတ်ထားတဲ့ စာအုပ်ထဲက
စာတွေရွတ်ပြတယ် ။ သူတွေ့ကြုံခဲ့တာတွေ ပြန်ပြောပြတယ်။ သင်ယူသူမှာ
ရှိနှင့်ပြီးသား အခြေခံအသိတွေ၊
အတွေ့အကြုံတွေနဲ့ ဆရာရဲ့အတွေ့အကြုံတွေကို တိုက်ဆိုင်စိစစ်
ဆွေးနွေးခြင်းဖြင့် ပညာကိုမပေး။
ဆရာတစ်ဦးတည်းရဲ့ အသိတွေကိုသာ “lecture”တွေကနေ
ထုတ်လွှင့်ပေးလေသည်။
အဲဒီလို ဆရာက သင်ယူသူမှာ ရှိနှင့်ပြီးသား အသိတွေကို တန်ဖိုးမထားဘဲ
သူသိထားတာတွေ
လျှောက်ပြောနေတော့ သင်ယူသူမှာ “motivation”လို့ခေါ်တဲ့ “စေ့ဆော်အား”တွေ မရှိတော့ဘူး။
ရှိခဲ့တယ်ဆိုရင်တောင် “ပြင်ပကလာတဲ့ စေ့ဆော်အား” external motivation တွေပဲ ရှိတော့မယ်။
အတန်းထဲမှာအဆင့်တစ်
ရချင်တာတို့၊ ဆရာပေးတဲ့ ဆုကို လိုချင်တာတို့။ ဒါဟာ အပေါ်ယံကြည့်ရင်
ကောင်းသယောင်ယောင်ပဲ။
တကယ်တော့ external motivators တွေကြောင့် “မနာလိုဝန်တိုခြင်း”တွေ
ရှိလာတာ များတယ်။
အဆင့်နှစ်ရသူက တစ်ရသူကို မျက်စောင်းလှမ်းထိုးတယ်။ တကယ် လိုအပ်တာက
ပညာကို ချစ်မြတ်နိုးလွန်းလို့
ကိုယ့်စိတ်တွင်းကလာတဲ့ “စိတ်တွင်းစေ့ဆော်အား” internal motivationပါ။
ဆရာက ဦးဆောင်ပြီး
သူသိသမျှ လျှောက်ပြောနေတဲ့ ပညာရေးမှာတော့ စိတ်တွင်းစေ့ဆော်အား ရလာဖို့
မမျှော်လင့်
စကောင်းပါဘူး။
ပညာသင်ယူသူဟာ သင်ယူဖို့အတွက် အဆင်သင့်ဖြစ်နေမှု
“readiness to learn” ရှိရမယ်။ Pedagogyမှာ အတန်း အောင်ချင်လို့၊ ဘွဲ့ရပြီး အလုပ်လိုချင်လို့
အစရှိတဲ့ ပြင်ပ စေ့ဆော်အားတွေကြောင့်ပဲအဆင်သင့်ဖြစ်
မှုရှိပါတယ်။
Pedagogy ရဲ့မဟာအမှားကြီးကတော့ “ဘာသာရပ်ဗဟိုပြု သင်ကြားခြင်း”
subject-centered orientation
ကြောင့်ပါ။ ယုန်တစ်ကောင်ကို မမြင်ဖူးတဲ့ ကလေးတစ်ယောက်ကို
ယုန်ရဲ့ခန္ဓာဗေဒတွေ၊ ဇီဝကမ္မဗေဒတွေထဲက အချက်အလက်တွေ သင်ပေးလိုက်တယ်။ ယုန်နဲ့ တကယ်တွေ့တဲ့အခါ
သင်ပေးလိုက်တဲ့ အချက်အလက်တွေ
ထုတ်သုံးပေတော့။ ဒီသဘော ဖြစ်နေတယ်။ သူမမြင်ဖူးတဲ့ ယုန်အကြောင်း
သင်နေရတဲ့သူဟာ ဘယ်လိုလုပ် စိတ်တွင်းစေ့ဆော်အား ရနိုင်မလဲ။ အချက်အလက်တွေကိုချည်း စုဆောင်းလာခဲ့သူက
ယုန်ကို တကယ်တွေ့တဲ့အခါ သိထားတာတွေကို ဘယ်လို ပြန်လည်ချိတ်ဆက်ပြီး အသုံးပြုမလဲ။ Pedagogy
အကြောင်းကို ဒီလောက်ဆွေးနွေးခြင်း အားဖြင့် မြန်မာ့ ပညာရေးကို ဝေဖန်ဆန်းစစ်ကြည့်လို့
ရလောက်ပါပြီ။ နောက်တစ်ပတ်မှပဲ လူကြီးအဆင့်မှာ
လေ့လာသင်ယူခြင်း Andragogy အကြောင်း ဆက်လက်ဆွေးနွေးပါမည်။